အီတလီစီးရီးအေပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်
Photo : milan adictos
Photo : milan adictos
Published 27 April 2019

ဘိုလော့ဂ်နာ နှင့် အမ်ပိုလီ (စနေည ရး၃၀ နာရီ)

ဘိုလော့ဂ်နာရဲ့တန်းဆင်းဇုန်ရုန်းအား ထူးကဲကောင်းမွန်နေပါတယ်။ အမ်ပိုလီကလည်း တန်းမဆင်းရရေးဒုက္ခနွံထဲက ရုန်းထွက်ချင်နေပေမယ့် မျှော်လင့်သလိုဖြစ်မလာသေးဘူး။ အိမ်ကွင်း(၄)ပွဲဆက်နိုင်ထားတဲ့ ဘိုလော့ဂ်နာ အနိုင်သေချာတယ်။

ရိုးမား နှင့် ကာဂလီယာရီ (စနေည ၁ဝး၃၀ နာရီ)

အဝေးကွင်းနှစ်ပွဲဆက် ကာဂလီယာရီ ရှုံးပွဲမရှိတည်ငြိမ်ခဲ့သလို၊ အစဉ်အလာအရလည်း ရိုးမားကို ဒုက္ခပေးတတ်လို့ ဒီပွဲမှာ တစ်မှတ်တန်အောင်ပွဲ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ရိုးမားပတ်ဝန်းကျင်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ဖိအားရှိနေတယ်။ ရာနီရေးရီ ရိုးမားမှာ အနာဂတ်ဆက်ရှိချင်သေးရင် ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ပုံဖော်ပေးဖို့ လိုအပ်ပါတယ်။ နောက်ဆုံး (၃)ပွဲဆက် ရိုးမား ဂိုးအရနည်းနေပေမယ့် ဒီပွဲမှာ (၂)ဂိုးပြတ်နိုင်မယ်။

အင်တာမီလန် နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၁းဝဝ နာရီ)

အီတလီဒါဘီဟာ အင်တာမီလန်အသင်းဆီ ဖိအားတစ်ခုလို ရောက်လာပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေဆဲ အသင်း (၆)သင်းထဲမှာ အင်တာမီလန်က တတိယနေရာမှာ ရပ်တည်နေပြီး အခြေအနေအကောင်းဆုံးဖြစ်နေပေမယ့် အမှားအယွင်းမီးစတစ်ခုဟာ မျှော်လင့်ချက်အားလုံး အသေသတ်သလိုဖြစ်သွားနိုင်တာ သတိထားရပါမယ်။ စံချိန်တင် (၈)ရာသီဆက် စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်ရဲ့ အောင်ပွဲဆာလောင်စိတ်ဟာ ဘယ်လိုဖြစ်နေမလဲ။ နောက်ထပ်စံချိန် မှတ်တမ်းတွေ မျှော်လင့်နေဦးမလား။ ဒါမှမဟုတ် ဂုဏ်သိက္ခာအရောင်လွင့်ခံသွားမလား စောင့်ကြည့်ရမယ်။ အင်တာမီလန် တိုက်စစ်မှာ အီကာဒီရဲ့ သွင်းဂိုးရှားပါးနေသလို၊ ဂျူဗင်တပ်စ်ကလည်း တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေရှိနေလို့ ဂိုးရရှိရေး ရုန်းကန်နေရပါတယ်။ အင်တာမီလန် အမှတ်ပိုလိုအပ်နေပေမယ့် ဂျူဗင်တပ်စ် မရှုံးအောင် ကစားသွားမယ်ထင်တယ်။

 

Most Read

Most Recent