မန်ယူကို ရာသီကုန်တွင်စွန့်ခွာရန် ဆန္ဒရှိနေသည်ဟု အသင်းဖော်များကို ပေါ့ဘာ ဖွင့်ဟဝန်ခံခဲ့

မန်ယူကို ရာသီကုန်တွင်စွန့်ခွာရန် ဆန္ဒရှိနေသည်ဟု အသင်းဖော်များကို ပေါ့ဘာ ဖွင့်ဟဝန်ခံခဲ့
Photos: AFP, Getty Images
Photos: AFP, Getty Images
Published 24 April 2019

မန်ယူကွင်းလယ်လူ ပေါ့ဘာသည် ယခုရာသီကုန်တွင် အသင်းကို စွန့်ခွာရန် ဆန္ဒရှိနေသည်ဟု သူ၏မန်ယူအသင်း ဖော်များကို ဖွင့်ဟဝန်ခံခဲ့ကြောင်း ပြင်သစ်သတင်းစာ L'Equipe  က ဖော်ပြခဲ့သည်။

ပေါ့ဘာအား ခေါ်ယူရန် ပြင်သစ်လူမျိုးနည်း ပြ ဇီဒန်း ကိုင်တွယ်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းက ပစ်မှတ်ထားနေပြီး လာမည့်နွေရာသီတွင် ကမ်းလှမ်းမည်ဟု စပိန် သတင်းစာများကလည်း ဖော်ပြနေကြသည်။

ပေါ့ဘာက မန်ယူအသင်းမှ ထွက်ခွာရန် မိမိဆန္ဒရှိနေကြောင်းနှင့် အသင်းဘုတ်အဖွဲ့အနေဖြင့် မိမိ၏အပြောင်းအရွှေ့ကို တားဆီးမည်မဟုတ်ဟု ယုံကြည်ကြောင်း အသင်းဖော်များကို ပြောကြားခဲ့သည်ဟု L'Equipe သတင်းစာက ဖော်ပြခဲ့သည်။

ပေါ့ဘာအား လာမည့် နွေရာသီတွင်ရောင်းချမည်ဆိုပါက ပြောင်းရွှေ့ကြေးငွေ အနည်းဆုံး ပေါင်သန်း(၁၃၀)ခန့်ရရှိလိုသည်ဟု မန်ယူအသင်းတာဝန်ရှိသူများက သူ၏အေးဂျင့် ရိုင်အိုလာကို အသိပေးထားသည်။

Most Read

Most Recent