၂၀၁၈-၁၉ ဘောလုံးရာသီအတွက် PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကိုထုတ်ပြန်ခဲ့ရာ လီဗာပူးလ်အသင်း၏ကစားသမားများဖြစ်သော နယ်သာလန်နောက်ခံလူ ဗန်ဒိုက်၊ ဆီနီဂေါတောင်ပံကစားသမား မာနေ၊မန်စီးတီးအသင်း၏ကစားသမားများဖြစ်သော အင်္ဂလန်တောင်ပံကစားသမား စတာလင်၊ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနှင့် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်တို့ ပါဝင်ခဲ့ကြောင်းသိရသည်။
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) သည် ၂၀၁၈-၁၉ ရာသီ PFA အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆုတို့အတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
၂၀၁၈-၁၉ ဘောလုံးရာသီအတွက် PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကိုထုတ်ပြန်ခဲ့ရာ လီဗာပူးလ်အသင်း၏ကစားသမားများဖြစ်သော နယ်သာလန်နောက်ခံလူ ဗန်ဒိုက်၊ ဆီနီဂေါတောင်ပံကစားသမား မာနေ၊မန်စီးတီးအသင်း၏ကစားသမားများဖြစ်သော အင်္ဂလန်တောင်ပံကစားသမား စတာလင်၊ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနှင့် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်တို့ ပါဝင်ခဲ့ကြောင်းသိရသည်။
၂၀၁၈-၁၉ ဘောလုံးရာသီ PFA အကောင်းဆုံး ဆန်ခါတင်စာရင်းထုတ်ပြန်အပြီးတွင် လီဗာပူးလ်အသင်း၏ နောက်ခံကစားသမား ဗန်ဒိုက်မှာ ရေပန်းအစားဆုံးဖြစ်နေပြီး၊ ၄င်း၏နောက်တွင် စတာလင်၊ အဂွဲရိုးနှင့် မာနေတို့က အစဉ်လိုက်ရပ်တည်နေကြသည်။
ယခုဆန်ခါတင်စာရင်းတွင် ပါဝင်သူများအနက် ၂၀၁၄-၁၅ ဘောလုံးရာသီက ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တစ်ဦးသာ ယင်းဆုကိုရရှိဖူးပြီး ကျန်ကစားသမားများရရှိခဲ့ပါက ပထမဆုံးအကြိမ်ဖြစ်လာမည်ဖြစ်သည်။
PFA သည် အကောင်းဆုံးကစားသမားဆုအပြင် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
၂၀၁၈-၁၉ ဘောလုံးရာသီ PFA အကောင်းဆုံးလူငယ်ကစားသမားဆုဆန်ခါတင်စာရင်းတွင် အကောင်းဆုံးကစားသမားဆုစာရင်း၌ ပါဝင်နေသော မန်စီးတီးအသင်းမှ စတာလင်၊ ဘာနာဒိုဆေးလ်ဗားတို့နှင့်အတူ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်၊ ဘုန်းမောက်တောင်ပံကစားသမား ဒေးဗစ်ဘရွတ်ခ်နှင့် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ကြောင်းသိရသည်။
၂၀၁၈-၁၉ ဘောလုံးရာသီအတွက် PFA အကောင်းဆုံးကစားသမားဆုပေးပွဲကို ဧပြီ (၂၈)ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။