အီတလီဘောလုံးအဖွဲ့ချုပ် (FIGC)သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ကစားခဲ့သော အေစီမီလန် (၁-၀)လာဇီယိုပွဲစဉ်တွင် အေစီမီလန်ကစားသမားများဖြစ်သည့် ဘာကာယိုကိုနှင့် ကက်ဆီးတို့၏ပြိုင်ဘက်ကစားသမားကိုအရွဲ့တိုက်အောင်ပွဲခံသည့်အပြုအမူအတွက် အေစီမီလန်အသင်းအား ယူရို (၈၆၀၀၀)ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်မတိုင်မီတွင် လာဇီယိုနောက်ခံလူ အဆာဘီက ၎င်းတို့အသင်းမှာ အေစီမီလန်ထက် ပိုကောင်းသည်ဟု ပြောကြားခဲ့ပြီး ဘာကာယိုကိုက ပြန်လည်စိန်ခေါ်စကားဆိုခဲ့သည်။ ယင်းနောက် ပွဲစဉ်အပြီးတွင် ချယ်လ်ဆီးအသင်းမှ အငှားလာရောက်ကစားနေသော ဘာကာယိုကိုသည် လာဇီယိုအသင်းနောက်ခံလူ အဆာဘီနှင့် အကျင်္ ီလဲလှယ်ခဲ့ပြီး အနိုင်ဂိုးရှင် ကက်ဆီးနှင့်အတူ အဆာဘီ၏အကျင်္ ီကို ကိုင်ကာ အေစီမီလန်ပရိသတ်များရှေ့တွင် အောင်ပွဲခံဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
FIGC သည် ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးခဲ့ပြီး ကက်ဆီးနှင့် ဘာကာယိုကိုတို့ကို ယူရို (၃၃၀၀၀)စီနှင့် အေစီမီလန်အသင်းအား ယူရို (၂၀၀၀၀) ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။ ကက်ဆီးနှင့် ဘာကာယိုကိုတို့သည် ပွဲအပြီးတွင် ၎င်းတို့၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သလို အေစီမီလန်အသင်းနည်းပြ ဂတ်တူဆိုကလည်း ယင်းအပြုအမူအ တွက် ပြန်လည်တောင်းပန်ခဲ့သည်။
လာဇီယိုအသင်းပရိသတ်များသည် အဆာဘီအား အရွဲ့တိုက်အောင်ပွဲခံခဲ့သည့် ဘာကာယိုကိုကို အူဒီးနီးစ်နှင့်ကစားခဲ့သည့် ကြားရက်စီးရီးအေလက်ကျန်ပွဲစဉ်တွင် '' ဒီငှက်ပျောသီးက ဘာကာယိုကိုအတွက် '' ဆိုသည့် စကားလုံးပါဝင်သော ဗီဒီယိုဖိုင်တစ်ခုရိုက်ကာ လှောင်ပြောင်ခဲ့သော်လည်း FIGC က စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်မဟုတ်ကြောင်း သိရသည်။