ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား အများအပြားရှိနေပြီး ငွေပေးမရွေးနိုင်သည့် အလုပ်သမားအချို့မှာ အချုပ်ခန်းထဲတွင်သာ နေထိုင်နေရ

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား အများအပြားရှိနေပြီး ငွေပေးမရွေးနိုင်သည့် အလုပ်သမားအချို့မှာ အချုပ်ခန်းထဲတွင်သာ နေထိုင်နေရ
Published 10 July 2017

မန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေသည့်ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ရာနှင့်ချီရှိပြီး ငွေပေးကာ မရွေးနိုင်သူများမှာ အချုပ်ခန်းထဲတွင်သာ နေထိုင်နေရကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အစည်းများထံမှ သိရသည်။

MoU စာချုပ်အပါအဝင် ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများကို ယခုရက်ပိုင်းအတွင်း အလုပ်ရှင် နာမည်မတူသည့်အမှု၊ နယ်ကျော်ဖြတ်သန်းသည့် အမှု၊ လောင်းကစား ဥပဒေပုဒ်မတပ်ကာ ဖမ်းဆီးငွေတောင်းသည့်အမှု စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အချို့အလုပ်သမားများမှာ ငွေမပေးနိုင်သည့်အတွက် အချုပ်ခန်းထဲတွင်သာ ဆက်လက်နေထိုင်နေရပြီး မြန်မာသံရုံး အလုပ်သမား သံအရာရှိမှလည်း ထိထိရောက်ရောက် ကူညီခြင်းမရှိဟု  မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) မှ ကိုရဲမင်းက ပြောကြားသည်။

Most Read

Most Recent