မြန်မာ့ဆန်အား ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) က ဝယ်ယူတင်သွင်းနိုင်ရန် တင်ဒါဖိတ်ခေါ်ထား

မြန်မာ့ဆန်အား ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) က ဝယ်ယူတင်သွင်းနိုင်ရန် တင်ဒါဖိတ်ခေါ်ထား
Published 8 July 2017

မြန်မာနိုင်ငံမှဆန်အား ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) က ဝယ်ယူတင်သွင်း နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ တင်ဒါဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (NFA) မှ ဝယ်ယူနိုင်ရန် ဈေးနှုန်းတင်ဒါ ဖိတ်ခေါ်လာခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေး ခန်းမတွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent