ဗဟိုဘဏ်နှင့် သက်ဆိုင်ရာနိုင်ငံခြားဘဏ်၏ စည်းမျဉ်းများနှင့်အညီ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ပြည်ပချေးငွေရယူနိုင်ပြီး ချေးငွေကာလ အနည်းဆုံးသုံးနှစ်ရှိရမည်ဖြစ်ကာ မ,တည်ရင်းနှီးငွေ၏ သုံးပုံတစ်ပုံအထိ ခွင့်ပြုမည်

ဗဟိုဘဏ်နှင့် သက်ဆိုင်ရာနိုင်ငံခြားဘဏ်၏ စည်းမျဉ်းများနှင့်အညီ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ပြည်ပချေးငွေရယူနိုင်ပြီး ချေးငွေကာလ အနည်းဆုံးသုံးနှစ်ရှိရမည်ဖြစ်ကာ မ,တည်ရင်းနှီးငွေ၏ သုံးပုံတစ်ပုံအထိ ခွင့်ပြုမည်
Published 8 July 2017

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ နိုင်ငံခြားဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ပြည်ပချေးငွေရယူနိုင်ပြီး အနည်းဆုံးချေးငွေကာလ သုံးနှစ်ရှိရမည်ဖြစ်ကာ မ,တည်ရင်းနှီးငွေ၏ သုံးပုံတစ်ပုံအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအား ပြည်ပမှ ချေးငွေယူဆောင်ခွင့်ပြုထားသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉-က) တွင် “ပြည်တွင်း၌ နေထိုင်သူသည် ပြည်ပမှ ချေးငွေရယူရာ၌ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ချေးယူခြင်းတို့ကို ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်” ဟုဖော်ပြထားသည်။ ထို့အတူ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းစာပိုဒ် (၄၈) တွင် “ပြည်တွင်း၌နေထိုင်သူသည် ပြည်ပမှချေးငွေများရယူခြင်း သို့မဟုတ် ပြည်ပမှ အခြားနည်းလမ်းများဖြင့် ချေးငှားခြင်း သို့မဟုတ် ချေးငွေရယူခြင်း သို့မဟုတ် ချေးယူရယူခြင်းကဲ့သို့သော စာရွက်စာတမ်း အထောက်အထားတို့ကို ဆောင်ရွက်သည့်အခါတိုင်း ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရယူရမည်” ဟုဖော်ပြထားကြောင်း သိရသည်။

ပြည်ပနိုင်ငံရှိ ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေရယူရန် အစီအစဉ်ရှိပါက ပထမဦးဆုံးအနေဖြင့် ရယူလိုသော Borrower သည် မိမိအား ချေးငွေထုတ်ချေးမည့်သူ Lender အား မိမိအစီအစဉ်ဖြင့် ချိတ်ဆက်ရှာဖွေရမည်ဖြစ်သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ဘဏ်အား ဖွင့်လှစ်ခွင့်ပြုထားသဖြင့် ၎င်းတို့ထံ စုံစမ်းလေ့လာချိတ်ဆက်နိုင်သည်။ အဆိုပါနိုင်ငံခြားဘဏ်ခွဲများသည် လတ်တလောအခြေအနေတွင် ပြည်တွင်းလုပ်ငန်းများအား ချေးငှားခွင့်မပြုသေးသော်လည်း အဆိုပါဘဏ်ခွဲ၏ ရုံချုပ်မှဖြစ်စေ၊ အခြားနိုင်ငံရှိဘဏ်ခွဲမှဖြစ်စေ ချေးငှားပေးခြင်းကို ဆောင်ရွက်နိုင်သည်ဟု ဦးဝင်းသော်က ပြောကြားသည်။

Most Read

Most Recent