အူဒီးနီးစ်အသင်းနှင့်ပွဲစဉ်တွင် စီရော်နယ်လ်ဒို ပါဝင်မည်ဟု အယ်လီဂရီအတည်ပြု

အူဒီးနီးစ်အသင်းနှင့်ပွဲစဉ်တွင် စီရော်နယ်လ်ဒို ပါဝင်မည်ဟု အယ်လီဂရီအတည်ပြု
Published 6 October 2018

 

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက လက်ရှိအချိန်တွင် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲမှုများနှင့်ရင်ဆိုင်နေရသော်လည်း အသင်း၏တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ လာမည့် အူဒီးနီးစ်အသင်းနှင့်ပွဲစဉ်၌ ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၃)နှစ်ရှိ စီရော်နယ်လ်ဒိုသည် ၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ ဟိုတယ်တစ်ခုတွင် မာယိုဂါအမည်ရှိအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် ငြင်းဆိုမှုများပြုလုပ်ထားသူဖြစ်သည်။

ယင်းဖြစ်ရပ်အတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော်လည်း စီရော်နယ်လ်ဒိုမှာ ကွင်းတွင်း၊ကွင်းပြင် ပရော်ဖက်ရှင်နယ်ပီသသည့်ကစားသမားတစ်ဦးဖြစ်သောကြောင့် အူဒီးနီးစ်နှင့်ပွဲစဉ်ကို ပါဝင်မည်ဟု အယ်လီဂရီက ပြောကြားခဲ့

ခြင်းဖြစ်သည်။

အယ်လီဂရီက '' သူပြန်ပါဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူနဲ့ကျွန်တော်အလုပ်တွဲလုပ်တာ (၃)လလောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့သူဟာ (၁၅)နှစ်လောက် ကွင်းတွင်း၊ ကွင်းပြင် ပရော်ဖက်ရှင်နယ်ပီသတဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ သူက တာဝန်ယူမှုအပြည့်ရှိတဲ့ကစားသမားပါ။ အဲဒါကြောင့် လာမယ့်ပွဲကို သူအပြည့်အဝအာရုံစိုက်ပြီး ကစားနိုင်ပါလိမ့်မယ်'' ဟုပြောကြားခဲ့သည်။

စီရော််နယ်လ်ဒိုသည် ယခုလအတွင်း ပိုလန်၊ စကော့တလန်တို့နှင့်ကစားမည့် ပွဲစဉ်များအတွက် ပေါ်တူဂီအသင်း၏လူစာရင်းတွင် မပါဝင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတ ပါဝင်ကစားလိမ့်မည်မဟုတ်ဟု သတင်းများထွက်ပေါ်နေသည်။

Most Read

Most Recent