ဇဗက်ဒါနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ကာကာ၏စံချိန်ကို နေမာ လိုက်မီ

ဇဗက်ဒါနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ကာကာ၏စံချိန်ကို နေမာ လိုက်မီ
Published 5 October 2018

 

PSG အသင်း၏ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား နေမာသည် ဇဗက်ဒါအသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဘရာဇီးလ်ကစားသမားများအနက် ဂိုးအများဆုံးသွင်းယူထားသည့် အေစီမီလန်ှကွင်းလယ်လူဟောင်း ကာကာ၏စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။

ဇဗက်ဒါအသင်းအား (၆-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ယင်းပွဲစဉ်တွင် နေမာသည်PSG အသင်းအတွက် ဖရီးကစ်မှတစ်ဆင့်သွင်းယူသည့်ဂိုး(၂)ဂိုးအပါအဝင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး(၃၀)ပြည့်မြောက်ခဲ့ပြီး ကာကာ၏စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ကာကာသည် အေစီမီလန်၊ ရီးယဲလ်မက်ဒရစ် စသည့်အသင်းများတွင် ပါဝင်ကစားခဲ့စဉ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဂိုး(၃၀)သွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ်ကစားသမားများအနက် ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေသူဖြစ်သည်။

နေမာသည် ဇဗက်ဒါနှင့်ပွဲစဉ်တွင် ဖရီးကစ်မှတစ်ဆင့် တစ်ပွဲတည်း(၂)ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ ၂၀၀၉ ခုနှစ် စက်တင်ဘာလက ဇူးရစ်(၂-၅)ရီးယဲလ်မက်ဒရစ်ပွဲစဉ်၌ ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသွင်းယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ကာကာ၏စံချိန်ကို လိုက်မီခဲ့သည့် နေမာသည် လာမည့်ပွဲစဉ်များတွင် ဂိုးထပ်မံသွင်းယူနိုင်ပါက ဘရာဇီးလ်ကစားသမားများအနက် ဂိုးအများဆုံးသွင်းသူဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent