တရားခွင်အတွင်း မြို့နယ်တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သော ရှေ့နေဦးဇော်ဝင်းကို တရားစွဲဆိုထားသောအမှုနှင့် ပတ်သက်၍ မိတ္ထီလာမြို့နယ် တရားရုံးသို့ စတင်ပြောင်းလဲ စစ်ဆေး

တရားခွင်အတွင်း မြို့နယ်တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သော ရှေ့နေဦးဇော်ဝင်းကို တရားစွဲဆိုထားသောအမှုနှင့် ပတ်သက်၍ မိတ္ထီလာမြို့နယ် တရားရုံးသို့ စတင်ပြောင်းလဲ စစ်ဆေး
Published 29 December 2017

တရားခွင်အတွင်း မတ္တရာမြို့နယ် တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို တရားစွဲဆိုထားသော အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက မိတ္ထီလာမြို့နယ် တရားရုံးသို့ စတင်ပြောင်းလဲ စစ်ဆေးခဲ့ရာ ဦးဇော်ဝင်း လာရောက်နိုင်ခြင်း မရှိသေးသဖြင့် ထပ်မံချိန်းဆိုခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီ တွင် မိတ္ထီလာမြို့နယ် တရားရုံး ရုံးချိန်းစတင်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ် တရားသူကြီးတွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့်အမှုကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်တရားရုံးတွင် ရုံးချိန်းချိန်းဆိုခဲ့ပြီးနောက် ရုံးထုတ်ခဲ့သော်လည်း အမှုမှာ ရုံးပြောင်းလျှောက်ထားခဲ့သဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင်မှ မိတ္ထီလာမြို့နယ် တရားရုံးတွင် ရုံးထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဦးကိုနီကို သတ်သွားတဲ့ကောင်တောင် ဒီလိုလုပ်သလား၊ ငါလိုလုပ်သလား၊ ဘာဥပဒေလဲ၊ ငါပြောနေတာ ဥပဒေကွာ၊ ဒီမှာကြည့် ဒါလူတစ်ယောက်ကို လုပ်သလား၊ ငါဘာလဲ အဲဒီလို ပုံစံမျိုးလုပ်နေသလား၊ ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက မိတ္ထီလာမြို့နယ် တရားရုံးချိန်းတွင် ပြောကြားသည်။ ဆေးစာ အတုပြုလုပ်သည်ဟုဆိုကာ ပုဒ်မသုံးခုဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို စွဲဆိုထားသည့်အမှုမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ် မ ၄၂၀ဖြင့် မတ္တရာမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဇွန် ၉ ရက်က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်အော်ဟစ်ခဲ့သည့်အတွက် မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ရာ လက်ရှိအချိန်တွင် မိတ္ထီလာမြို့နယ် တရားရုံးမှ အမှုအမှတ် ၂၄၀၀/ ၂၀၁၇၊ အမှုအမှတ် ၂၄၀၁/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၂၈/ ၃၅၃/ ၅၀၉ ဖြင့် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent