လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ စီမံကိန်းများအတွက် ဒေါ်လာသန်း ၄၀၀ ခန့်ရင်းနှီးမြှုပ်နှံကာ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုတွင် အကောင်အထည်ဖော်မည်

လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ စီမံကိန်းများအတွက် ဒေါ်လာသန်း ၄၀၀ ခန့်ရင်းနှီးမြှုပ်နှံကာ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုတွင် အကောင်အထည်ဖော်မည်
Published 31 July 2017

လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ (Agribusiness Service Center) စီမံကိန်းများအတွက် ဒေါ်လာသန်း ၄၀၀ ခန့်ရင်းနှီးမြှုပ်နှံကာ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ် ၃၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာများ တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITTIC ဆောက်လုပ်ရေးကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဇူလိုင် ၂၁ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများစီးဝင်ရရှိရန်၊ တောင်သူလယ်သမားများအား ဝန်ဆောင်မှုပေးသည့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းနှင့် သိုလှောင်မှုအခြောက်ခံမှုစသော ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုရှိမြို့နယ် ၃၃ မြို့နယ်တွင် ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆန်းစစ်တွက်ချက်မှုများ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent