ဖလော်ရီဒါသို့ အလွန်အန္တရာယ်များသည့် အဆင့်လေးဟာရီကိန်းမုန်တိုင်းကြီး ချဉ်းကပ်လာ

ဖလော်ရီဒါသို့ အလွန်အန္တရာယ်များသည့် အဆင့်လေးဟာရီကိန်းမုန်တိုင်းကြီး ချဉ်းကပ်လာ
အောက်တိုဘာ ၉ ရက်တွင် မိုက်ကယ်ဟာရီကိန်း မဝင်ရောက်မီ မက္ကဆီကိုပင်လယ်ကွေ့၌ ဓာတ်ပုံရိုက်နေသူများကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၉ ရက်တွင် မိုက်ကယ်ဟာရီကိန်း မဝင်ရောက်မီ မက္ကဆီကိုပင်လယ်ကွေ့၌ ဓာတ်ပုံရိုက်နေသူများကို တွေ့ရစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

မိုက်ကယ်ဟာရီကိန်းသည် အောက်တိုဘာ ၁၀ ရက် အစောပိုင်းက ဖလော်ရီဒါပင်လယ်ကွေ့ကမ်းရိုးတန်းသို့ ချဉ်းကပ်လာစဉ် အလွန်အန္တရာယ်ရှိပြီး အင်အားအဆင့်လေးရှိသည့် မုန်တိုင်းတစ်ခုအဖြစ် အားကောင်းလာသည်။ မိုးလေဝသ ခန့်မှန်းသူများကမူ ထိုဒေသ၌ မကြံစဖူး ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးနေကြသည်။

မုန်တိုင်း၏ လေတိုက်နှုန်းသည် တစ်နာရီ ၁၃၀ မိုင်အထိ ရောက်နေပြီဖြစ်ပြီး ယင်းထက် ပိုမိုအင်အားကြီးလာနိုင်ခြေ ရှိနေသေးကာ အောက်တိုဘာ ၁၀ ရက် နှောင်းပိုင်း၌ ကမ်းခြေသို့ ဝင်တိုက်နိုင်သည်ဟု အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက်၌ မိုးများသည်းသည်းထန်ထန် ရွာသွန်းနေပြီဖြစ်ပြီး အချို့သောနေရာများတွင် လှိုင်းများသည် ၁၃ ပေ (လေးမီတာ) အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထိုစဉ် အမျိုးသားမိုးလေဝသဌာနက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက်များအား လိုက်နာကြရေးအတွက် ပြည်သူများကို မေတ္တာရပ်ခံနေသည်။  

မိုက်ကယ် ဟာရီကိန်းသည် ဖလော်ရီဒါပြည်နယ် အနောက်မြောက်ပိုင်းရှိ ဖလော်ရီဒါ ပန်ဟန်ဒယ်ဒေသသို့ ဝင်ရောက် တိုက်ခတ်သည့် ဖျက်အားအပြင်းဆုံးမုန်တိုင်းကြီး ဖြစ်လာနိုင်ပြီး အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅၀၀ ကို အသင့်အနေအထား ချထားကြောင်း အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်ကလည်း ဖလော်ရီဒါအတွက် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်ထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖက်ဒရယ်ရန်ပုံငွေများကို ခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent