လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ပြီးခဲ့သည့်(၁၈)လအတွင်း ကစားခဲ့သည့်ပွဲစဉ်များတွင် အသင်းခေါင်းဆောင် ဟန်ဒါဆန်အား တိုက်စစ်လို်က်ပါခွင့်မပေးခဲ့ခြင်းမှာ မိမိ၏အမှားဖြစ်ကြောင်းနှင့် ယင်းအတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။
အသက်(၂၈)နှစ်အရွယ်ရှိ ဟန်ဒါဆန်သည် ကစားသမားဘဝတွင် ခံစစ်ဦးစားပေးကစားသမားအဖြစ်သာ ကစားခဲ့ရပြီး သူ၏ကစားပုံနှင့်ပတ်သက်၍လည်း ဝေဖန်မှုများခံခဲ့ရသည်။
သိုု့ရာတွင် ဟန်ဒါဆန်သည် ပေါ်တိုအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင်မူ တိုက်စစ်ကို ပိုမို လိုက်ပါကစားခွင့်ရခဲ့ပြီး ဖေမီနို၏သွင်းဂိုးကို အာနိုးလ် ဖန် တီးပေးနိုင်ရန်အတွက် Set-up ပြုလုပ်ပေးခဲ့သလို၊ အခြား အခွင့်အရေးဖန်တီးမှုများစွာကို ပြုလုပ်ပေးနိုင်ခဲ့သည်။
ပွဲအပြီးတွင် ယာဂန်ကလော့ပ်က သူ၏အသင်းခေါင်းဆောင်အား ချီးကျူးမှုများ ပြုလုပ်ခဲ့ပြီး ''ဟန်ဒါဆန်က အရမ်းထူး ချွန်တဲ့ကစားသမားတစ်ဦးပါ။ သူ ပြသခဲ့တဲ့ခြေစွမ်းအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဒီလိုခြေစွမ်းမျိုးကို သူ ထပ်ပြနိုင်ရင်လည်း ကျွန်တော် အရမ်းကျေနပ်မိမှာပါ။ သူက အရင်ကတည်းက တိုက်စစ်ကို ပိုပြီးလိုက်ပါချင်ပေမယ့် ကျွန်တော်က သူ့ကို ပြီးခဲ့တဲ့(၁၈)လလုံးလုံး ကွင်းလယ်ခံ စစ်အနေနဲ့ပဲ အသုံးပြုခဲ့တာဟာ ကျွန်တော့်ရဲ့အမှားပါ။ သူ က အရင်တုန်းက ကွင်းလယ်ခံစစ်မှာပဲ ကစားခဲ့ရပေမယ့် ဒီပွဲမှာတော့ လိုအပ်ချက်အရ သူ တိုက်စစ်ကိုကစားခဲ့ရပြီး အခုတော့ ဒီနေရာအတွက် သူ ကောင်းကောင်းသက်သေ ပြနိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ကလော့ပ်သည် ပေါ်တိုနှင့်ကစားမည့် ဒုတိယအကျော့ပွဲစဉ်နှင့်ပတ်သက်၍လည်း '' ပွဲက အခုအချိန်အထိ မပြီး သေးပါဘူး။ ကျွန်တော်တို့ ပေါ်တိုကွင်းကို တိုက်ပွဲဝင်ဖို့သွားရဦးမှာဖြစ်ပြီး ပိုမိုခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရဦးမှာ ပါ''ဟု ပြောကြားခဲ့သည်။