မန်ချက်စတာယူနိုက်တက်အသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နည်း ပြမော်ရင်ဟိုက အီတလီဂျာနယ်လစ်များသည် ဘောလုံး အကြောင်း ကျွမ်းကျင်စွာသိနားလည်သူများဖြစ်ကြောင်း ချီးကျူးခဲ့သည်။
မော်ရင်ဟိုက ''အတော်ဆုံး အားကစားဂျာနယ်လစ်တွေပါ။ ဘောလုံးအကြောင်း အများကြီးသိနားလည်ပြီး အမှန်တကယ်စိတ်ဝင်စားမှုရှိသူတွေပါပဲ။ သူတို့ရဲ့ သိလိုစိတ်၊ နားလည်မှုနဲ့ သုံးသပ်ခန့်မှန်းမှုတွေဟာ ကောင်းမွန်ပါတယ်။ ကြိုတင်ပြင်ဆင်ထားပြီး ဆွေးနွေးတဲ့အခါ စကားလုံးကြွယ်ဝစွာပြောနိုင်ပါတယ်''ဟု ပြောကြား ခဲ့သည်။
မော်ရင်ဟိုကိုခေါ်ယူရန် အသင်းဟောင်း အင်တာမီလန်နှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေသလို၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကမူ မော်ရင်ဟိုသည် ပြင်သစ်လီဂူးတွင် နည်းပြဖွယ်ရှိကြောင်း သတင်းများထွက်ခဲ့သည်။
မော်ရင်ဟိုကိုယ်တိုင်ကလည်း နည်းပြလောကသို့ ပြန်လာရန်ရည်ရွယ်နေကြောင်း တရားဝင်ဝန်ခံထားသည်။
စပိန်အားကစားမဂ္ဂဇင်း Don Balon ကမူ PSG အသင်းသည် နည်းပြ တူဟယ်လ်နေရာတွင် မော်ရင်ဟိုနှင့်အစားထိုးရန် ပြင်ဆင်နေသည်ဟု ရေးသားခဲ့သည်။