ဒိုင်များဘက်လိုက်သဖြင့်ရာသီကုန်တွင် လက်ရှိကိုင်တွယ််နေသည့် ဒိုရာဒေါ့စ်အသင်းနှင့်မာရာဒိုနာ လမ်းခွဲမည်

ဒိုင်များဘက်လိုက်သဖြင့်ရာသီကုန်တွင် လက်ရှိကိုင်တွယ််နေသည့် ဒိုရာဒေါ့စ်အသင်းနှင့်မာရာဒိုနာ လမ်းခွဲမည်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 7 April 2019

 

မက္ကဆီကိုဒုတိယတန်းကလပ် ဒိုရာဒေါ့စ်အသင်းကို ကိုင်တွယ်နေသည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဒိုင်များ၏ ဘက်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့် ယခုရာသီကုန် တွင် အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မာရာဒိုနာသည် ဧပြီ ၅ ရက်က ဗန်ဒါနော့စ်အသင်းနှင့် ပွဲ၌ ပယ်နယ်တီရနိုင်သည့်အခွင့်အရေး ငြင်းပယ်ခံရသဖြင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါသပေါက်ကွဲ၍ ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ယင်း ပွဲတွင် ဒိုရာဒေါ့စ်နှင့် ဗန်ဒါနော့စ်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့ရာ မာရာဒိုနာက " ဒိုရာဒေါ့စ်အသင်းကနေ ကျွန်တော်ထွက်ခွာတော့မှာပါ။ အခုလိုပြောရတာ စိတ်မကောင်းပါ ဘူး။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ဆုံး ဖြတ်ချက်ပါ။ ဒိုင်လူကြီးက ဘာဖြစ်လို့ ပယ်နယ်တီမပေးလဲဆိုတာ ခင်ဗျားတို့ (မီဒီယာတွေ) သိကြလား။ ဘာဖြစ်လို့လဲဆိုတာ မနက်ဖြန်ကြရင် ခင်ဗျားတို့ပြောကြလိမ့်မယ်။ အဲဒါမာရာဒိုနာရဲ့အသင်းဖြစ်နေလို့ပဲ ဆိုပြီးတော့ပေါ့" ဟု ပြောကြားခဲ့သည်။

ဒိုရာဒေါ့စ်အသင်းသည် ဒီဇင်ဘာတွင် Apetura ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ခဲ့သလို အမှတ်ပေးပြိုင်ပွဲတွင်လည်း ရှစ်ပွဲဆက် ရှုံးပွဲမရှိကစားထားကြောင်းသိရသည်။