ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း အဆင့်(၄)နေရာသို့ ရောက်ရှိလာပြီး မြန်မာအသင်း နှစ်ဆင့်ကျဆင်း

ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း အဆင့်(၄)နေရာသို့ ရောက်ရှိလာပြီး မြန်မာအသင်း နှစ်ဆင့်ကျဆင်း
Photo: FIFA
Photo: FIFA
Published 4 April 2019

ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ဖီဖာမှ ထုတ်ပြန်ခဲ့ရာ အင်္ဂလန်အသင်းသည် အဆင့်(၄)နေရာသို့ ရောက်ရှိလာခဲ့ပြီးမြန်မာအသင်းက  အဆင့်(၂)ဆင့် ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံအသင်းက ထိပ်ဆုံးနံပါတ်(၁)နေရာတွင် ဆက်လက်ရပ်တည်ခဲ့သလို၊ ပြင်သစ်က အဆင့်(၂)၊ ဘရာဇီးလ်က အဆင့်(၃)နေရာ ရပ်တည်မှုမှာလည်း အပြောင်းအလဲမရှိခဲ့ပေ။

ထို့ပြင် ထိပ်ဆုံး(၁၀)သင်းစာရင်းထဲမှ အသင်းများမှာလည်း ယခင်လအတိုင်းပင် ဆက်ရှိခဲ့ပြီး အင်္ဂလန်နှင့် ဥရုဂွေးတို့ တစ်ဆင့်စီတက်ကာ ခရိုအေးရှားနှင့် ပေါ်တူဂီတို့ တစ်ဆင့်စီ ကျခဲ့ကြသည်။

ယခုလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲပေါင်း(၁၅၀)အပေါ် အခြေခံတွက်ချက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးအသင်းက အတိုးတက်ဆုံးအသင်း၊ သြစတြီးယားအသင်းက အဆုတ်ယုတ်ဆုံးအသင်း ဖြစ်ခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာအသင်းက ယခင်လထက် အဆင့်(၂)ဆင့် ကျဆင်းသွားခဲ့ပြီး ကမ္ဘာ့အဆင့်(၁၄၀)သို့ ရောက်ရှိသွားခဲ့ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent