ကစားသမားများ ဂိမ်းအလွန်အကျွံမကစားနိုင်ရန် ဟိုတယ်ရှိ Wi-Fi ကို ပိတ်ထားရန် ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟူတယ်လ် ညွှန်ကြား

ကစားသမားများ ဂိမ်းအလွန်အကျွံမကစားနိုင်ရန် ဟိုတယ်ရှိ Wi-Fi ကို ပိတ်ထားရန် ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟူတယ်လ် ညွှန်ကြား
Photos : AFP
Photos : AFP
Published 30 March 2019

ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟူတယ်လ်က ကစားသမားများ ဂိမ်း အလွန်အကျွံမကစားနိုင်ရန် ဟိုတယ်ရှိ Wi-Fi  ကို ပိတ်ထားရန် ညွှန်ကြားထားကြောင်း ထုတ်ဖော်ပြောကြားသည်။

ဗြိတိန်အခြေစိုက် The Sun သတင်းစာက EFL ပြိုင်ပွဲ (ပရီးမီးယားလိဂ်ပြင်ပ အင်္ဂလန်အောက်တန်းလိဂ်ပြိုင်ပွဲသုံးခု) မှ အမည်မဖော်ပြသည့် အင်္ဂလန်ကစားသမားတစ်ဦးသည် Fortnite အမည်ရှိ ဂိမ်းကစားခြင်းကို စွဲလမ်းနေပြီး တစ်နေ့လျှင် ၁၃ နာရီအထိ ကစားနေသဖြင့် ကစားသမားဘဝကိုပင် ထိခိုက်လာနိုင်ကြောင်း မတ် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက မေးမြန်းရာ ဟာဆန်ဟူတယ်လ်က ''အဲဒါ (ဂိမ်းကစားခြင်း) ကလည်း စွဲလမ်းမှုတစ်မျိုးပါပဲ။ ကျွန်တော်တို့အနေနဲ့ ကစားသမားတွေကို အကာအကွယ်ပေးဖို့ လိုပါတယ်။ ဒီလို ကိစ္စမျိုးကြုံလာပြီဆိုရင် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်။ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံးအသင်း (လိုက်ပ်ဇစ်) တုန်းကလည်း အဲဒီလိုပဲ လုပ်ခဲ့ပါတယ်။ တချို့ ကစားသမားတွေက ပွဲမတိုင်ခင်နေ့ မနက် သုံးနာရီလောက်အထိမအိပ်ဘဲ ဂိမ်းကစား နေတတ်ကြတယ်။ ဒါက ပြဿနာသေးသေးလေးမဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဂိမ်းကစားတာကလည်း အရက်စွဲတာ၊ မူးယစ်ဆေးစွဲတာမျိုးနဲ့ အတူတူပါပဲ။ သူတို့ကို အကာအကွယ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်က ဂိမ်းကစားတာအတွက် အချိန်အများကြီးမသုံး စေဖို့ပါ။ ဥပမာပြောရရင် ဟိုတယ်မှာရှိတဲ့ Wi-Fi  ကို ပိတ်ထားလိုက်ရင် ညပိုင်းတွေမှာ သူတို့ အချိန်အကြာကြီး ကစားလို့မရတော့ဘူးပေါ့။ ကျွန်တော်ကတော့ အဲဒီလိုပဲ တိုက်ရိုက်ကိုင်တွယ်ပါတယ်''ဟု ဖြေကြားသည်။

Most Read

Most Recent