ချန်ပီယံလိဂ်အရှုံးကို မေ့ထားပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် ကြိုးစားကြရန် အသင်းသားများကို ကိုဗက် တိုက်တွန်း

ချန်ပီယံလိဂ်အရှုံးကို မေ့ထားပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် ကြိုးစားကြရန် အသင်းသားများကို ကိုဗက် တိုက်တွန်း
Photo: Reuters
Photo: Reuters
Published 17 March 2019

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ခြင်းကို မေ့ထားပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် ကြိုးစားကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ခြင်းကို မေ့ထားပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် ကြိုးစားကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် လီဗာပူးလ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

ကိုဗက်က "ချန်ပီယံလိဂ်ပြိုင်ပွဲက အတိတ်မှာ အတိတ်မှာကျန်ခဲ့ပါပြီး။ ဒါကို မေ့ထားရတော့မှာပါ။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ စိတ်ကိုရှင်းရှင်းထားပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုရရှိရေးအတွက် ကြိုးစားသင့်ပါတယ်။ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ကျွန်တော်တို့အနေနဲ့ နိုင်ပွဲဆက်တိုက်ရရှိခဲ့ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့အနေနဲ့ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စပြီး ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် (၁၃) ပွဲတွင် (၁) ပွဲသာ ရှုံးနိမ့်ထားပြီး လက်ရှိတွင် အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

ဘွန်ဒစ်လီဂါအမှတ်ပေးဇယားတွင် ဒေါ့မွန်အသင်းက ရမှတ် (၆၀) မှတ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းထက် တစ်ပွဲလျော့ကစားကာ (၃) မှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်နေသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် မတ်လ (၁၇) ရက်တွင် အိမ်ကွင်း၌ ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် မိန့်ဇ်အသင်းကို အနိုင်ရပါက အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ဂိုးကွာခြားချက်အသာဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။

Most Read

Most Recent