ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိအားများသွားတဲ့ စပါး

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိအားများသွားတဲ့ စပါး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 9 March 2019

■ ဆောက်သမ်တန် ၂-၁ စပါး

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) စနေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ စပါးအသင်းဟာ အဝေးကွင်းမှာ (၁-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် (၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိအားများသွားခဲ့ပါတယ်။

နောက်ဆုံး(၃)ပွဲမှာ (၁)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်နဲ့ ဖိအားများနေတဲ့စပါးအသင်းအတွက် စိန့်မေရီကွင်းက ဒီရှုံးပွဲဟာ ဖိအားတွေကိုထပ်တိုးပေးလိုက်ပြီး မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့ အနီးကပ်ဖိအားပေးမှုက စပါးအသင်းအတွက်တော ့စိုးရိမ်စရာပါပဲ။

ကြားရက်မှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခဲ့ရတဲ့ လူစာရင်းကို (၆)နေရာအထိအပြောင်းအလဲလုပ်ပြီး စပါးအသင်းနိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပေမယ့် ဆောက်သမ်တန်အသင်းရဲ့ ကစားအားနဲ့ ခံစစ်ပိုင်းက စပါးအသင်းအတွက်အခက်အခဲဖြစ်ခဲ့တာပါ။

တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းရုန်းအားကြောင့်လည်း စပါးအသင်းကို ကစားကွက်တည်ဖို့ခက်ခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေက စပါးအသင်းရဲ့တိုက်စစ်ဆင်မှုကိုအဟန့်အတားဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းပွဲချိန် (၂၆) မိနစ်မှာစပါးအသင်းအဖွင့်ဂိုးရသွားခဲ့ပြီး အယ်လီရဲ့ပေးပို့မှုကနေ ဟာရီကိန်းက သွင်းယူပေးခဲ့တာပါ။

ဒီဂိုးဟာ ဟာရီကိန်းအတွက် ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံလက်ရွေးစင်သွင်းဂိုး (၂၀၀) ဂိုးမြောက်ပြည့်မြောက်စေခဲ့တဲ့ဂိုးလည်း ဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ စပါးအသင်းအခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့သလို၊ ဆောက်သမ်တန်အသင်းကလည်း ချေပဂိုးရနိုင်မယ့်အခြေအနေတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒါကြောင့် ပထမပိုင်းမှာ (၁-၀) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ပွဲရဲ့အလှည့်အပြောင်းက ဒုတိယပိုင်းမှာဖြစ်ခဲ့တာပါ။

အိမ်ရှင်ဆောက်သမ်တန်အသင်း ဒုတိယပိုင်းမှာ ကစားပုံပိုကောင်းလာခဲ့သလို၊ စပါးအသင်းရဲ့ကွင်းလယ်အားကိုယှဉ်ကစားနိုင်လာလို့အခွင့်အရေးတွေလည်း ရလာခဲ့ပါတယ်။

ဒါကြောင့် စပါးအသင်းကစားပုံပျက်ခဲ့ပြီး ဆောက်သမ်တန်အသင်းတောက်လျှောက်ဖိအားပေးနိုင်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် (၇၆) မိနစ်မှာ အမ်းစထရောင်းရဲ့ပေးပို့မှုကို စပါးနောက်ခံလူတွေဖျက်ထုတ်ပုံညံ့ဖျင်းတာကတစ်ဆင့် ဗာလီရေးက ပိတ်သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုးရသွားပြီးချိန်မှာ ဆောက်သမ်တန်အသင်းကစားအားပိုကောင်းလာခဲ့ပြီး စပါးအသင်းကတော့ ကစားပုံကအစဟန်ချက်ပျက်သွားခဲ့တာပါ။

ဆောက်သမ်တန်အသင်းအတွက် အနိုင်ဂိုးကိုတော့ (၈၁) မိနစ်မှာရရှိခဲ့တာဖြစ်ပြီး ဂိုးဧရိယာထိပ်မှာရရှိတဲ့ အလွတ်တည်ကန်ဘောကို ဝက်ပရောက်ဒ်က လှလှပပတိုက်ရိုက်ကန်သွင်းယူပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာ စပါးအသင်းချေပဂိုးအတွက် အရှိန်တင်ခဲ့ပေမယ့် ဆောက်သမ်တန်အသင်းရဲ့ ခံစစ်နဲ့ အန်းဂတ်ဂန်းတို့ကြောင့် အရာမထင်ခဲ့ပါဘူး။

ပွဲအပြီးမှတော့ ဆောက်သမ်တန်အသင်းက အိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ယူပြီး တန်းဆင်းဇုန်တိုက်ပွဲမှာ အခြေအနေကောင်းသွားခဲ့ပေမယ့်  စပါးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိအားများသွားခဲ့ပါတယ်။

■ ယနေ့ကစားသည့်ဥရောပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ် ၁-၂ ဘရိုက်တန်

ကာဒစ်ဖ် ၂-၀ ဝက်စ်ဟမ်း

ဟတ်ဒါဖီးလ် ၀-၂ ဘုန်းမောက်

လက်စတာ ၃-၁ ဖူလ်ဟမ်

နယူးကာဆယ် ၃-၂ အဲဗာတန်

ဆောက်သမ်တန် ၂-၁ စပါး

လာလီဂါ

အလာဗတ်စ် ၁-၁ အီဘာ

ဘွန်ဒစ်လီဂါ

ဘိုင်ယန်မြူးနစ် ၆-၀ ဝုလ်ဖ်ဘတ်

ဒေါ့မွန် ၃-၁ စတုဂတ်

လိုက်ပ်ဇစ် ၀-၀ အော့စ်ဘတ်

ဖရိုင်းဘတ် ၂-၁ ဟာသာဘာလင်

လိဂ်ချန်ပီယံရှစ်

ဘလက်ဘန်း ၀-၁ ပရက်စတန်

ရှက်ဖီးယူနိုက်တက် ၂-၀ ရော့သာဟမ်

ဘော်လ်တန် ၂-၁ မီဝေါလ်

ဘရစ္စတိုးလ်စီးတီး ၀-၁ လိဒ်စ်

ဒါဘီ ၁-၁ ရှက်ဖီးဝင်းစ်ဒေး

မစ်ဒယ်ဘရော့ ၁-၂ ဘရန့်ဖို့ဒ်

နော်တင်ဟမ် ၃-၀ ဟားလ်စီးတီး

QPR ၀-၀ စတုတ်စီးတီး

ရက်ဒင်း ၃-၂ ဝီဂန်

ဝက်စ်ဘရွန်း ၁-၁ အစ်ဝစ်ချ်

Most Read

Most Recent