ယူရိုပါလိဂ်၌ နိုင်ပွဲပြန်လည်ရရှိပြီးနောက် ခြေစွမ်းတည်ငြိမ်မှုရှိရန်လိုအပ်ဟု ဆာရီ တိုက်တွန်း

ယူရိုပါလိဂ်၌ နိုင်ပွဲပြန်လည်ရရှိပြီးနောက် ခြေစွမ်းတည်ငြိမ်မှုရှိရန်လိုအပ်ဟု ဆာရီ တိုက်တွန်း
Photos: AFP
Photos: AFP
Published 16 February 2019

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ယူရိုပါလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲရရှိပြီးနောက် မိမိအသင်းအနေဖြင့် ခြေစွမ်းတည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယူရိုပါလိဂ်ပြိုင်ပွဲ ၃၂ သင်းအဆင့် ပထမအကျော့ (ဒုတိယနေ့) ပွဲများကို ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားရာ ချယ်လ်ဆီးအသင်းက ဆွီဒင်ကလပ် မာလ်မိုအသင်းကို အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရသည်။

ချယ်လ်ဆီးအသင်းသည် ယခုပွဲအပါအဝင် နောက်ဆုံးကိုးပွဲတွင် ရှုံးပွဲလေးပွဲအထိ ကြုံတွေ့ခဲ့သည့်အပြင် မန်စီးတီးအသင်းအား ခြောက်ဂိုးပြတ်ရှုံးနိမ့်ခြင်းမှာ ၁၉၉၁ ခုနှစ် ဧပြီနောက်ပိုင်း ၂၈ နှစ်အတွင်း ပြိုင်ပွဲစုံ အဆိုး ရွားဆုံးရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့ဖြစ်ရာ ယူရိုပါလိဂ် အဝေးကွင်းနိုင်ပွဲရရှိပြီးနောက် ဆာရီက ''ကျွန်တော်တို့အနေနဲ့ ပြီး ခဲ့တဲ့ကာလမှာ တက်လိုက်ကျလိုက်ဖြစ်တဲ့ ပြဿနာရင်ဆိုင်ခဲ့ရပါတယ်။ (၄-၀)၊ (၅-၀) ပြီးတော့ (၆-၀) ဆိုတဲ့ရလဒ်တွေက ကျွန်တော် တို့အနေနဲ့ တည်ငြိမ်မှုရှိဖို့ လိုအပ်နေပြီဆိုတဲ့ သဘောပါပဲ။ ချယ်လ်ဆီးအနေနဲ့ ပွဲတိုင်းကို တူညီတဲ့ ကြိုးစားအားထုတ်မှု၊ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်။ အင်္ဂလန်လိုနိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေအကျပိုင်းဖြစ်နေရင် ၁၀ ရက်အတွင်းမှာပဲ အရေးပါတဲ့ပွဲစဉ် သုံးပွဲ၊လေးပွဲ အထိ ရှုံးပွဲကြုံတွေ့နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ရှိဖို့လိုပါတယ်။ ပွဲတိုင်းကို ပုံစံတူကစားနိုင်ဖို့မလွယ် ပေမဲ့ ကြိုးစားရမှာပါ''ဟု ပြောကြားသည်။

Most Read

Most Recent