အီတလီစီးရီးအေပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 16 February 2019

အီတလီစီးရီးအေပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

ကာဂလီယာရီ နှင့် ပါးမား (စနေည ၁၁း၃၀ နာရီ)

ကာဂလီယာရီရဲ့ အဆိုးနေ့စွဲတွေ မရပ်တန့်သေးဘူး။ နောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး အိမ်ကွင်း(၃)ပွဲဆက်လည်း နိုင်ပွဲမရခဲ့ဘူး။ ပါးမားက ဖွဲ့စည်းပုံပိုစနစ်ကျပေမယ့် ကာဂလီယာရီ အမှတ်ရမယ်။

အတ္တလန်တာ နှင့် အေစီမီလန် (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

ဒီရာသီအေစီမီလန်ရဲ့ အမြင့်ပျံအသင်းတွေနဲ့ စီးချင်းထိုးပွဲတွေဟာ ဂုဏ်ယူဖွယ်ရာမရှိဘူး။ နိုင်ပွဲတွေဆီရောက်အောင် ရုန်းကန်ခဲ့ပေမယ့် လက်ရှိစီးရီးအေအမှတ်ပေးဇယားရဲ့ Big Six အသင်းတွေထဲမှာ အေစီမီလန်နိုင်ထားတာ ရိုးမားတစ်သင်းသာ ရှိပါတယ်။ အခုလည်း လက်ရှိရာသီစီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ရမယ်။ ဒီပွဲမှာသာ အရေးနိမ့်ခဲ့ရင် အေစီမီလန်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့်အဆင့် (၄)နေရာကနေ လွှဲပြောင်းပေးရပါလိမ့်မယ်။ အတ္တလန်တာက ဒီရာသီစီးရီးအေအိမ်ကွင်းမှာ (၃)ပွဲရှုံးထားပေမယ့် ရိုးမားနဲ့ ဂျူဗင်တပ်စ်ကို သရေ၊ လာဇီယို၊ အင်တာမီလန်တို့ကို အနိုင်ကစားထားလို့ အေစီမီလန်ကိုလည်း ထိတ်လန့်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အေစီမီလန်ခံစစ်က နောက်ဆုံး(၈)ပွဲမှာ ဂိုးမပေးရတဲ့ပွဲ (၆)ပွဲအထိ ပိုင်ဆိုင်ထားလို့ တိုက်စစ်အကောင်းဆုံး အတ္တလန်တာအတွက် စိန်ခေါ်မှုပါပဲ။ အေစီမီလန် တစ်မှတ်ထက်ပိုမရပါဘူး။

Most Read

Most Recent