နီပေါကို ဂိုးပြတ်အနိုင်ယူပြီး အိန္ဒိယ (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဗိုလ်စွဲ

နီပေါကို ဂိုးပြတ်အနိုင်ယူပြီး အိန္ဒိယ (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဗိုလ်စွဲ
Photo : MFF
Photo : MFF
Published 15 February 2019

 

မြန်မာ ၃-၁ နီပေါ 



အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (Hero Gold Cup ) ဗိုုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် နီပေါအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် နီပေါအသင်းကို (၃-၁)ရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရီရီဦးနှင့် ဝင်းသိင်္ဂ ီထွန်းတို့က မြန်မာအသင်းအတွက် ဂိုးများသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

 မြန်မာအမျိုးသမီးအသင်းသည် နီပေါအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း(၃၄)မိနစ်တွင်ရီရီဦးကဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။သို့သော်လည်း နီပေါအသင်းက ပထမပိုင်း နာကျင်အချိန်ပို (၄၅+၁)မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်းပြန်လည် စတင်သည်နှင့် မြန်မာအသင်းက တိုက်စစ်အားပြု ကစားဟန်ကို ပိုမိုမြှင့်တင်ခဲ့ပြီး တောင်ပံနှစ်ဖက်မှတဆင့်ဖြတ်တင်ဘောများကို အသုံးပြုကာ နီပေါကိုဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ပွဲချိန် (၅၃)မိနစ်တွင် မြန်မာအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကိုဝင်းသိင်္ဂ ီထွန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တတိယဦးဆောင်ဂိုးကို (၆၃)မိနစ်တွင် ရီရီဦးက ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

 မြန်မာအမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲကို ၂၀၂၀ တိုကျိုအိုလံပစ် အာရှဇုန်အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတစ်ရပ်အနေဖြင့်သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်အားလုံးကို အနိုင်ကစားပြီး ချန်ပီယံဆုကို ရယူခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (Hero Gold Cup )တွင် အိမ်ရှင် အိန္ဒိယ၊မြန်မာ၊နီပေါနှင့် အီရန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Most Read

Most Recent