ယနေ့ညကစားမည့် လိဂ်ဖလား နှင့် စပိန်ဘုရင့်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် လိဂ်ဖလား နှင့် စပိန်ဘုရင့်ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 23 January 2019



အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ် (ဒု-ကျော့)ပွဲစဉ် 

ဘာတန် နှင့် မန်စီးတီး

  ပထမအကျော့ရလဒ်နဲ့တင် အဖြေထွက်နေလို့ အခုပွဲက စိတ်ဝင်စားစရာမကောင်းတော့ဘူး။ ဂွါဒီယိုလာက အခုရာသီမှာ   အကယ်ဒမီထွက် ကစားသမားတချို့ကို နေရာပေးနေပေမယ့် အရေအတွက်ကတော့ နည်းပါးပါတယ်။ အခုလို ရလဒ်ပိုင်းမလို အပ်လောက်တော့တဲ့ပွဲမျိုးမှာ ဂွါဒီယိုလာ လူငယ်အများစုနဲ့ ပွဲထွက်လာမလား စောင့်ကြည့်ရမယ်။ ဘာတန်အနေနဲ့ အိမ်ကွင်းမှာ မန်စီးတီးလိုအသင်းနဲ့ကစားရတာ ဂုဏ်ယူစရာဖြစ်ပြီး အဆင့် ချင်းကွာပေမယ့် ကြိုးစားပမ်းစား ကစားနိုင်လောက်တယ်။ အိမ်ရှင်အသင်းနဲ့ပဲ စွန့်စားသင့်တယ်။



စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ် (ပ-ကျော့)ပွဲစဉ် 

ဆီဗီလာ နှင့် ဘာစီလိုနာ



    ပြီးခဲ့တဲ့ရာသီက ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်မှာ ဖလားအပြိုင်လုခဲ့ရတဲ့နှစ်သင်း ပြန်ဆုံတွေ့ကြတာပါ။ အဲဒီတုန်းက ဘာစီလိုနာအသင်း ဂိုးပြတ်အနိုင်ရခဲ့သလို၊ ဒီရာသီမှာ ဆုံတွေ့ခဲ့တဲ့ စပိန်စူပါဖလားနဲ့ လာလီဂါမှာလည်း ဘာစီလိုနာပဲ နိုင်ပွဲဆက်ခဲ့ပါတယ်။ ဆီဗီလာက ဒီရာသီမှာ ခြေစွမ်းတက်လာတယ်လို့ဆိုနိုင်ပေမယ့် အခုနောက်ပိုင်း ရှုံးပွဲတွေ ပြန်ဆက်နေပါတယ်။ ဘာစီလိုနာရဲ့အဝေးကွင်းခြေစွမ်းကလည်း သိပ်အားရစရာမရှိပါဘူး။ သရေကျဖို့များပါတယ်။ 



 

Most Read

Most Recent