လိဂ်ပွဲ (၄၅၀) ပြည့်သည့် (၂၇) ဦးမြောက်ကစားသမားအဖြစ်ရာမို့စ် မှတ်တမ်းဝင်

လိဂ်ပွဲ (၄၅၀) ပြည့်သည့် (၂၇) ဦးမြောက်ကစားသမားအဖြစ်ရာမို့စ် မှတ်တမ်းဝင်
Photos : Gettyimages & Twitter
Photos : Gettyimages & Twitter
Published 21 January 2019

ရီးယဲလ်မက်ဒရစ်အသင်း၏ အသင်းခေါင်းဆောင် ရာမို့စ် (၃၂နှစ်)မှာ ကစားသမားဘဝ လာလီဂါ ပွဲ(၄၅၀) ပြည့်ခဲ့ပြီး၊ ပြိုင်ပွဲသမိုင်းတွင် ယင်းမှတ်တမ်းကိုရရှိသည့် (၂၇) ဦးမြောက် ကစားသမားဖြစ်လာခဲ့ ကြောင်း သိရသည်။

ရာမို့စ်သည် ဆီဗီလာအသင်းအား အနိုင်ရသည့်ပွဲတွင် ယင်းကဲ့သို့မှတ်တမ်းကောင်းကို ရရှိခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီကစားသမားဘဝကို ဆီဗီလာအသင်းတွင် စတင်ခဲ့သူ ရာမို့စ်သည် ပထမဆုံးလာလီဂါပွဲအဖြစ် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ကယှဉ်ပြိုင်ခဲ့သော ဒီပို့တီဗို (၁-၀) ဆီဗီလာ ပွဲစဉ်တွင် ပွဲချိန် (၆၄) မိနစ်၌ လူစားဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။

ရာမို့စ်သည် အဆိုပါပွဲ (၄၅၀)တွင် ဆီဗီလာအသင်းအတွက် (၃၉) ပွဲ၊ ရီးယဲလ်အသင်းအတွက် (၄၁၁) ပွဲကစားပေးခဲ့ပြီး၊ သွင်းဂိုး (၅၉) ဂိုးသွင်းယူနိုင်ခဲ့သလို၊ ပွဲချိန်ပြည့်ကစားသည့်ပွဲ (၄၀၀)ပွဲ၊ စုစုပေါင်းအဝါကတ် (၁၇၁) ကတ်မှတ်တမ်းများကိုလည်း ရရှိခဲ့သည်။

ထို့ပြင် ရာမို့စ်သည် လာလီဂါသမိုင်းတွင် အနီကတ် (၁၉) ကတ်ဖြင့် အရေအတွက်အများဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ထားသည်။

လာလီဂါပြိုင်ပွဲ သမိုင်းတွင် လိဂ်ပွဲအများဆုံးကစားထားသူမှာ ဘီလ်ဘာအို၊ ဘာစီလိုနာ၊ ဗလင်စီယာအသင်းတို့၏ စပိန်ဂန္ထဝင်ဂိုးသမား ဇူဘီဇာရက်တာ (၆၂၂ ပွဲ) ဖြစ်ပြီး၊ လက်ရှိကစားသမားများထဲတွင် လိဂ်ပွဲအများ ဆုံးကစားထားသူမှာ ဘက်တစ်တောင်ပံကစားသမား ယော်ကွင်းဆန်းချက်ဇ် (၅၀၃ပွဲ) ဖြစ်သည်။ 

လာလီဂါပွဲအများဆုံးကစားထားသူများ

အမည်         နေရာ    ပွဲ    ဂိုး

ဇူဘီဇာရက်တာ    ဂိုး     ၆၂၂    -

ရာအူးလ်        ရှေ့တန်း    ၅၅၀    ၂၂၈

အူစီဘီယိုမီနာ        ကွင်းလယ်    ၅၄၃    ၃၆

ပါကိုဘူယို        ဂိုး        ၅၄၂    -

ဆန်းချစ်        နောက်တန်း    ၅၂၃    ၃၃

ကာဆီးလက်စ်         ဂိုး        ၅၂၀    -

Most Read

Most Recent