တစ်ပတ်လစာ ဒုတိယအများဆုံးရရှိသည့် ဗြိတိန်ကစားသမားအဖြစ် ရမ်ဆေးမှတ်တမ်းဝင်မည်

တစ်ပတ်လစာ ဒုတိယအများဆုံးရရှိသည့် ဗြိတိန်ကစားသမားအဖြစ် ရမ်ဆေးမှတ်တမ်းဝင်မည်
Photos : Gettyimages
Photos : Gettyimages
Published 21 January 2019

ရမ်ဆေးသည် ဂျူဗင်တပ်စ်အသင်းနှင့် (၄)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၃)သိန်းရရှိမည်ဖြစ်ကြောင်းသိရသည်။

အာဆင်နယ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ပြောင်းရွှေ့မည့် ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေးသည် တစ်ပတ်လစာအများဆုံးရရှိသည့် ဗြိတိန်ကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

ရမ်ဆေးသည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း (၆) လသာကျန်ရှိတော့သူဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ် အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားခြင်းဖြစ်သည်။ 

ရမ်ဆေးသည် ဂျူဗင်တပ်စ်အသင်းနှင့် (၄)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၃)သိန်းရရှိမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ရီးယဲလ်အသင်းတွင် တစ်ပတ်လစာ ပေါင်သုံးသိန်းခွဲရရှိနေသည့် ဝေးလ်စ်တောင်ပံကစားသမား ဘေးလ်ပြီးနောက် တစ် ပတ်လစာ ဒုတိယအများဆုံး ဗြိတိန်ကစားသမားအဖြစ် ရွန်နီ၊ စတာလင်တို့နှင့်အတူ ရပ်တည်နေသည်။

အသက် (၂၈)နှစ်အရွယ် ရမ်ဆေးကို ဘိုင်ယန်မြူးနစ်၊ PSG အသင်းများကလည်း စိတ်ဝင်စားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်။

လက်ရှိ တစ်ပတ်လစာအများဆုံးရရှိသည့် ဗြိတိန်ကစားသမားများ

ဘေးလ်        ရီးယဲလ်        ပေါင် ၃၅၀,၀၀၀

ရွန်နီ         ဒီစီယူနိုက်တက်    ပေါင် ၃၀၀,၀၀၀

စတာလင်     မန်စီးတီး        ပေါင် ၃၀၀,၀၀၀

ဟာရီကိန်း    စပါး        ပေါင် ၂၀၀,၀၀၀

စတာရစ်ချ်     လီဗာပူးလ်    ပေါင် ၁၂၀,၀၀၀

Most Read

Most Recent