မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ယနေ့ယှဉ်ပြိုင်ကစားမည်

မြန်မာ ယူ-၂၂ အသင်းနှင့် အိုမန် ယူ-၂၂ အသင်း ယနေ့ယှဉ်ပြိုင်ကစားမည်
Photo : MFF
Photo : MFF
Published 7 January 2019

မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၆ ရက်တွင် အိုမန်နိုင်ငံ၌ လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲကစားမည့်ကွင်း၌ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၉ အာဆီယံ ယူ-၂၂ ချန် ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂အသင်းသည် အရှေ့အလယ်ပိုင်းခရီးစဉ် ပထမပွဲအဖြစ် အိုမန် ယူ-၂၂အသင်း နှင့်  ဇန်နဝါရီ ၇ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီတွင်  အိုမန်နိုင်ငံရှိ ဆူလ်တန်ကာဘော့စ်ကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ ၆ ရက်တွင် အိုမန်နိုင်ငံ၌ လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲကစားမည့်ကွင်း၌ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ 

အိုမန် ယူ-၂၂ အသင်းသည် မတ်လတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး နည်းပြ ချုပ်အဖြစ် အိုမန်နိုင်ငံသား ဟာမက်က ကိုင်တွယ်လျက်ရှိသည်။ 

အိုမန်အသင်းသည် အာရှ ယူ-၂၃ ခြေစစ် ပွဲတွင် အုပ်စု (A)၌ ကာတာ၊ နီပေါ၊ အာဖဂန်နစ္စတန်အသင်းတို့နှင့် 

တစ်အုပ်စုတည်း ကျရောက်လျက်ရှိ သည်။  

မြန်မာ ယူ-၂၂ အသင်းသည် အိုမန်အသင်းနှင့် ခြေစမ်းပွဲအပြီး တွင် ကာတာယူ-၂၂ အသင်းနှင့်ခြေ စမ်းရန် ဇန်နဝါရီ ၈ ရက်တွင် ကာတာ နိုင်ငံ ဒိုဟာမြို့သို့ ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။ 

မြန်မာ ယူ-၂၂အသင်း သည် ဒိုဟာမြို့၌ နှစ်ရက်ကြာ လေ့ ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် ကာတာ ယူ-၂၂ အသင်းနှင့် ဇန်နဝါရီ ၁၀ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

Most Read

Most Recent