အသင်းဟောင်းဘင်ဖီကာ၏ကမ်းလှမ်းမှုကို မော်ရင်ဟို ငြင်းဆန်ပယ်ချခဲ့ပြီး နည်းပြလောကသို့ ပြန်ဝင်ရန် အစီအစဉ်မရှိသေးဟု Record  ဖော်ပြ

အသင်းဟောင်းဘင်ဖီကာ၏ကမ်းလှမ်းမှုကို မော်ရင်ဟို ငြင်းဆန်ပယ်ချခဲ့ပြီး နည်းပြလောကသို့ ပြန်ဝင်ရန် အစီအစဉ်မရှိသေးဟု Record  ဖော်ပြ
Photo : LNP & Reuters
Photo : LNP & Reuters
Published 7 January 2019

မော်ရင်ဟိုအနေဖြင့် နည်းပြလောကသို့ မြန်မြန်ဆန်ဆန်ပြန်လည်ဝင်ရောက်ရန် အစီအစဉ်မရှိသေးကြောင်း ပေါ်တူဂီသတင်းစာ Record က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၈ ၊ ဒီဇင်ဘာ (၁၈)ရက်နေ့က မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရသော မော်ရင်ဟိုသည် သူ၏အသင်းဟောင်း ဘင်ဖီကာအသင်းက နည်းပြရာထူးအတွက် ချဉ်းကပ်ကမ်းလှမ်းခဲ့သည်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။

မော်ရင်ဟိုအနေဖြင့် နည်းပြလောကသို့ မြန်မြန်ဆန်ဆန်ပြန်လည်ဝင်ရောက်ရန် အစီအစဉ်မရှိသေးကြောင်း ပေါ်တူဂီသတင်းစာ Record က ဖော်ပြခဲ့သည်။ 

ဘင်ဖီကာအသင်းသည် ပြီးခဲ့သည့်ကြာသပတေးနေ့က ၎င်းတို့၏နည်းပြဖြစ်သူ ရူအီဗစ်တိုးရီးယားအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဘင်ဖီကာ (B) အသင်းနည်းပြ ဘရူနိုလာဂီကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားသည်။

ဘင်ဖီကာအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးအချို့ ကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားတွင် အဆင့် (၄)နေရာသို့ရောက်ရှိနေခြင်းကြောင့် နည်းပြဖြစ်သူ ရူအီဗစ်တိုးရီးယားကိုရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ရူအီဗစ်တိုးရီးယားသည် ဘင်ဖီကာအသင်းအား ၂၀၁၅၊ ဇွန်လတွင် စတင်ကိုင်တွယ်ခဲ့ပြီး (၃)နှစ်ခွဲကြာကိုင်တွယ်ခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်သည်။ 

မော်ရင်ဟိုသည် သူ၏နည်းပြဘဝကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလတွင်  ဘင်ဖီကာအသင်းအား ကိုင်တွယ်ခြင်းဖြင့် စတင်ခဲ့သူဖြစ်ပြီး အသင်းအား ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလအထိ (၂)လကျော် ကိုင်တွယ်ခဲ့သည်။

Most Read

Most Recent