မန်စီးတီးလူငယ်ကြယ်ပွင့် ဘရာဟင်ဒီယက်ဇ်ကို ရီးယဲလ်အသင်း ခေါ်ယူ

မန်စီးတီးလူငယ်ကြယ်ပွင့် ဘရာဟင်ဒီယက်ဇ်ကို ရီးယဲလ်အသင်း ခေါ်ယူ
Photos : Twitter
Photos : Twitter
Published 7 January 2019

စာချုပ်တွင် ဘရာဟင်ကို ပြန်လည်ရောင်းချလျှင် မန်စီးတီးအနေဖြင့် ပြောင်းရွှေ့ကြေး၏ (၁၅)ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူသို့ရောင်းချလျှင် (၄၀)ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်သည်။

ရီးယဲလ်အသင်းသည် မန်စီးတီးအသင်းမှ ကွင်းလယ်တောင်ပံကစားသမား ဘရာဟင်ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

ရီးယဲလ်အသင်းက ယင်းလူငယ်ကြယ်ပွင့်ကို (၆)နှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး ယနေ့တွင် ဆေးစစ်မှုပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

ဘရာဟင်၏တန်ဖိုးမှာ အမြင့်ဆုံး ပေါင် ၂၂ သန်းအထိရှိနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဆိုစီဒက်အသင်းအား အိမ်ကွင်းတွင် (၀-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး (၁)နာရီကျော်အကြာတွင် ရီးယဲလ်အသင်းက ယခုသတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ဘရာဟင်၏စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ယနေ့ ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

စာချုပ်တွင် ဘရာဟင်ကို ပြန်လည်ရောင်းချလျှင် မန်စီးတီးအနေဖြင့် ပြောင်းရွှေ့ကြေး၏ (၁၅)ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူသို့ရောင်းချလျှင် (၄၀)ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်သည်။

ဘရာဟင်သည် (၁၄)နှစ်သားအရွယ်ကတည်းက မာလာဂါအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး စတာလင်၊ ဆာနေး၊ မာရက်ဇ်စသည့်ကစားသမားများက ၎င်းအတွက် အသင်းကြီးတွင် အခွင့်အလမ်းနည်းခဲ့သည်။

ဘရာဟင်သည် နည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် (၁၅)ပွဲသာ ကစားထားရကြောင်း သိရသည်။

Most Read

Most Recent