ယနေ့ကစားမည့် FA ဖလားနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် FA ဖလားနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 7 January 2019

FAဖလား (၁)ပွဲနှင့် လာလီဂါပွဲစဉ် (၁)ပွဲရှိပါသည်။

ဝုလ်ဗ် - လီဗာပူးလ် (၈-၁-၂၀၁၉ နံနက် ၂း၁၅ နာရီ)

ဝုလ်ဗ်က ဒီဇင်ဘာလတုန်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ အိမ်ကွင်းမှာ ကစားခဲ့ဖူးပြီး (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒီပွဲအပါအဝင် လီဗာပူးလ်ကိုအိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နောက်ဆုံး (၆) ပွဲမှာ ၂၀၁၇ တုန်းက ကစားခဲ့တဲ့ FA ဖလားပွဲတစ်ပွဲပဲ အနိုင်ရခဲ့ကာ  ကျန်(၅)ပွဲစလုံး ရှုံးခဲ့တာကြောင့် အစဉ်အလာပိုင်းအရ မယှဉ်နိုင်တာကိုတွေ့ရတယ်။ လက်ရှိ ခြေစွမ်းအရကြည့်ရင်လည်း လီဗာပူးလ်က အကောင်းဆုံးပုံစံရရှိနေပြီး တစ်ဦးချင်းရော၊ အသင်းလိုက်မှာပါ ကွာခြားမှုတွေရှိတယ်။ ဝုလ်ဗ်အတွက် မျှော်လင့်စရာက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြည့်အဝအာရုံစိုက်နေတဲ့ လီဗာပူးလ်အသင်း ဒီပွဲအပေါ်အာရုံစူးစိုက်မှု လျော့နည်းနေဖို့သာဖြစ်ပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဝုလ်ဗ်ကတော့ ဒီပွဲအပေါ် အပြည့်အဝအာရုံစိုက်ထားမှာသေချာတယ်။ လက်ရှိလီဗာပူးလ်လူစာရင်းက ဘယ်ကစားသမားတွေပဲ ကစားကစား ပုံစံပျက်သွားတာမျိုးမရှိတာ အားသာချက်ဖြစ်တယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကိုတော့ ပွဲတိုင်းလိုလို ဒီပုံစံအတိုင်းပဲ သုံးနေရပြီး ဒီပွဲမှာသာ စတာရစ်ချ် အော်ရီဂီတို့လိုကစားသမားတွေနဲ့ကစားရင် ဝုလ်ဗ်ရဲ့ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ခက်လိမ့်မယ်။ ဒါပေမဲ့ အဓိကဖလား (၃)လုံးမျှော်လင့်ချက်ရှိနေတဲ့ လီဗာပူးလ် အနည်းဆုံးသရေကစားပါလိမ့်မယ်။ 

ဆယ်လ်တာဗီဂို - ဘီလ်ဘာအို (၈-၁-၂၀၁၉ နံနက် ၂း၃၀ နာရီ)

ဒီနှစ်သင်းမှာ ဘီလ်ဘာအိုက အခုနောက်ပိုင်းအမှတ်ရအောင် ပိုဦးစားပေးကစားလာတဲ့ပုံပေါ်နေတယ်။ ဆယ်လ်တာဗီဂိုကလည်း အိမ်ကွင်းကစားပုံမဆိုးလှဘဲ တိုက်စစ်က ဂိုးသွင်း အားရှိတာမှန်ပေမယ့် ဘီလ်ဘာအိုရဲ့အမှတ်ရရေး ပိတ်ဆို့ကစားလာနိုင်တဲ့ကစားပုံက ဆယ်လ်တာဗီဂိုတိုက်စစ် ထင်တိုင်းပေါက်ဖို့ မလွယ်လောက်ပါဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

Most Read

Most Recent