အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ အာဆင်နယ်အသင်း နောက်တစ်ဆင့်တက်ရောက်

အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ အာဆင်နယ်အသင်း နောက်တစ်ဆင့်တက်ရောက်
Photos: Action Images via Reuters
Photos: Action Images via Reuters
Published 6 January 2019

 

■ ဘလက်ပူးလ် ၀-၃ အာဆင်နယ်

FA ဖလားတတိယအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘလက်ပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အဝေးကွင်းမှာ (၃-၀) ဂိုးနဲ့အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နည်းပြအမ်မရီဟာ ဒီနေ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းကို လူငယ်တွေနဲ့သာစုဖွဲ့ပွဲထွက်စေခဲ့ပြီး ဒီကစားသမားတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ကျေနပ်စရာနိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းမှာ နီးလ်စ်၊ အီဝိုဘီ၊ ဝဲလ်လို၊ နကီတီဟာ တို့လိုလူငယ်တွေနဲ့သာစုဖွဲ့ခဲ့တာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာတော့ ရမ်ဆေး၊ အယ်လ်နန်နီတို့နဲ့ ပွဲကိုထိန်းခဲ့ပါတယ်။

ပွဲငယ်တွေမှာ ခြေစွမ်းပြတတ်တဲ့ အာဆင်နယ်အသင်းလူငယ်တွေရဲ့အစဉ်အလာတွေကို ဒီပွဲမှာဆက်တွေ့ခဲ့ရပြီး ပွဲစကတည်းက League One ကလပ် ဘလက်ပူးလ်အသင်းဘက်ကို မြန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေနဲ့ အလုပ်ရှုပ်စေခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၁) မိနစ်မှာပဲ လူငယ်တိုက်စစ်ကစားသမား ဝဲလ်လိုက ရမ်ဆေးရဲ့ပြစ်ဒဏ်ဘောကန်ချက် ဘားတန်းထိပြန်ထွက်လာရာကနေ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး စောစောစီးစီး ဦးဆောင်စေခဲ့ပါတယ်။

ဒီဂိုးသွင်းယူခဲ့တဲ့ ဝဲလ်လို (၁၉ နှစ် ၁၃၈ ရက်) ကတော့ ၂၀၁၀ ဇန်နဝါရီနောက်ပိုင်း ရမ်ဆေး (၁၉ နှစ် ၈ရက်) နောက် FA ဖလားမှာ အာဆင်နယ်အသင်းအတွက် ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။

ဂိုးရပြီးချိန်မှာလည်း အာဆင်နယ်အသင်းလူငယ်တွေရဲ့တက်ကြွတဲ့ကစားဟန်ကို ဆက်တွေ့ခဲ့ရပြီး ပွဲချိန် (၃၇) မိနစ်မှာ ဝဲလ်လိုကပဲ သွင်းယူပေးခဲ့တာပါ။ 

ပထမပိုင်းမှာ (၂-၀) ဂိုးနဲ့ အာဆင်နယ်အသင်းအနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲကိုလိုသလိုထိန်းချုပ်ကစားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်း အခွင့်အရေးတွေထပ်ရခဲ့သလို ဘလက်ပူးလ်အသင်းကလည်း အဝေးကန်ချက်တွေနဲ့ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့်  နှစ်သင်းစလုံးအရာမထင်ခဲ့ပါဘူး။

အာဆင်နယ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၈၂) မိနစ်မှာ အီဝိုဘီက ပိတ်သွင်းယူပေးခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ အာဆင်နယ်အသင်းပွဲကိုထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက (၃-၀) ဂိုးနဲ့ အဝေးကွင်းမှာ ပြတ်ပြတ်သားသားအနိုင်ယူပြီး နောက်တစ်ဆင့်ကိုတက်လှမ်းခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

FA ဖလားတတိယအဆင့်ပွဲစဉ်များ ရလဒ်

ရှက်ဖီးဝင်းစ်ဒေး ၀-၀ လူတန်

မန်ယူ ၂-၀ ရက်ဒင်း

ဝက်စ်ဘရွန်း ၁-၀ ဝီဂန်

ရှရူးဘူရီ ၁-၁ စတုတ်စီးတီး

ဘုန်းမောက် ၁-၃ ဘရိုက်တန်

ဝက်စ်ဟမ်း    ၂-၀ ဘာမင်ဂမ်

ဘန်လေ ၁-၀ ဘန်စလေ

ဘော်လ်တန် ၅-၂ ဝဲဆောလ်

ဘရန့်ဖို့ဒ် ၁-၀ အောက်စဖို့ဒ်

ချယ်လ်ဆီး    ၂-၀ နော်တင်ဟမ်

ဖလိဝုဒ် ၂-၃ ဝင်ဘယ်လ်ဒန်

မစ်ဒယ်ဘရော့ ၅-၀ ပီတာဘရော့

အက်စတွန်ဗီလာ ၀-၃ ဆွမ်ဆီး

ဂီလင်ဟမ် ၁-၀ ကာဒစ်ဖ်

အဲဗာတန် ၂-၁ လင်ကွန်းစီးတီး

ဒါဘီ ၂-၂ ဆောက်သမ်တန်

အက်ကရင်တန် ၁-၀ အစ်ဝစ်ချ်

နယူးကာဆယ် ၁-၁ ဘလက်ဘန်း

ခရစ္စတယ်ပဲလေ့စ် ၁-၀ ဂရင်းစဘီ

ဘရစ္စတိုးလ်စီးတီး ၁-၀ ဟတ်ဒါဖီးလ်

ဘလက်ပူးလ် ၀-၃ အာဆင်နယ်

နောဝစ်ချ် ၀-၁ ပို့စ်မောက်

လာလီဂါ

ဗယ်လာဒိုလစ် ၀-၁ ဗယ်လက်ကာနို

အလာဗတ်စ် ၂-၁ ဗလင်စီယာ

င်္ပြင်သစ်ဖလား (ပထမအဆင့်)

ဗီရီရှာတီယွန် ၁-၀ အန်ဂါစ်

ခရော့IC ၂-၀ ရာအွန်အီတက်

မာရီနန်ဂျီနက် ၁-၁ ကလဲမွန်

(ပယ်နယ်တီ ၃-၀ ဖြင့် မာရီနန်ဂျီနက်နိုင်)

တူးစ် ၁-၂ လီဆယ်ဘီးစ်

ဘတ်စတီယာ ၂-၂ ကွန်ကာနူး

(ပယ်နယ်တီ ၅-၄ ဖြင့် ဘတ်စတီယာနိုင်)

အော်လီယွန် ၃-၂ လီယွန်

အာမီယန်စ် ၁-၀ ဗလန်စီနက်စ်

လီယွန်ဒူချယ် ၃-၀ နီးစ်

စတက်ပွန်တီဗီ ၂-၄ ဂူအင်ဂမ့်

ဘယ်ဂျူဟက် ၂-၁ နော့

အွန်တွန်တီ ၁-၀ မောင့်ပယ်လီယာ

လူဖွီ ၀-၁ နန်စီ

ရက်ဒ်စတား ၀-၁ ကိန်း

ရှယ်တီဂိုင်း ၁-၃ ဒီယွန်း

ဂရာဗယ်လင်းစ် ၀-၃ ဗီဖွန်

(မိနစ် ၉၀ ၀-၀၊ အချိန်ပို ၀-၃)

ဆန်ကန်တီနို့စ် ၁-၂ မက်ဇ်

(မိနစ် ၉၀ ၁-၁၊ အချိန်ပို ၁-၂)

ဆယ်တီ ၁-၀ လီမွန်နက်စ်

Most Read

Most Recent