ပရီးမီးယားလိဂ်ပွဲစဉ် (၂၁)ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၁)ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 2 January 2019

ဘုန်းမောက် နှင့် ဝက်ဖို့ဒ် (3-1-2019 2:15 AM)

ဝက်ဖို့ဒ်က ကာဒစ်ဖ်နဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ကစားခဲ့ပြီးမှ နောက်ဆုံး(၂)ပွဲမှာ ချယ်လ်ဆီးနဲ့ သရေကျသင့်ပေမယ့် ရှုံးခဲ့သလို နယူးကာဆယ်ကို အနိုင်ရသင့်ပေမယ့် သရေကျခဲ့တာတွေ့ရတယ်။ လက်ရှိခြေစွမ်းက အားရစရာကောင်းသလို၊ ရလဒ်ပို်င်းကလည်း ကျေနပ်စရာလို့ ဆိုရမှာပါ။ ဘုန်းမောက်က ဒီရာသီ အိမ်ကွင်းမှာ အမှတ်ရှာတဲ့အသင်းဆို ပေမယ့် ဝက်ဖို့ဒ်သရေခံကစားနိုင်ပါတယ်။ 

ချယ်လ်ဆီး နှင့် ဆောက်သမ်တန် (3-1-2019 2:15 AM)

ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပစ်မှတ်ထားနေတဲ့အသင်းဖြစ် ပြီး ပွဲတော်တော်များများမှာ ပုံစံကောင်းပြနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်တွေမှာ ရလဒ်ဆိုးတာမျိုး ဖြစ်တတ်ပေမယ့် အိမ်ကွင်းမှာ နှစ်ပွဲဆက် ရလဒ်မဆိုးဘူးလို့တော့ ယူဆရတယ်။ ဆောက်သမ်တန်က အဝေးကွင်းမှာ ဖူလ်ဟမ်ပြီးရင် ဒုတိယပေးဂိုးအများဆုံးအသင်းတွေ ထဲကအသင်းဖြစ်ပြီး ချယ်လ်ဆီးတိုက်စစ်က အခွင့်အရေးယူနိုင်မှာပါ။ နိုင်ပွဲသေချာတယ်။

ဟတ်ဒါဖီးလ် နှင့် ဘန်လေ (3-1-2019 2:15 AM)

ဟတ်ဒါဖီးလ်က အိမ်ကွင်း (၁၀)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး အသင်းမရွေးရလဒ်ဆိုးနေတာတွေ့ရတယ်။ ဘန်လေရဲ့အဝေးကွင်းခြေစွမ်း၊ ရလဒ်နဲ့ သွင်းဂိုး၊ ပေးဂိုးမှတ်တမ်းတွေကလည်း စိတ်ပျက်စရာပါ။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲတွေမှာတော့ စပါး၊ အာဆင်နယ်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာတွေ့ရတယ်။ ဒီပွဲလည်း ဟတ်ဒါဖီးလ်ဆီက သရေတစ်မှတ်တော့ ခွဲယူနိုင်မယ်ထင်တယ်။ 

ဝက်စ်ဟမ်း နှင့် ဘရိုက်တန် (3-1-2019 2:15 AM)

ရလဒ်တွေဆက်တိုက်ဆိုးနေတဲ့ ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဲဗာတန်ကို ခြေစွမ်းပြအနိုင်ရခဲ့တယ်။ ဘရိုက်တန်ရဲ့ဒီရာသီအကောင်းဆုံးပွဲတွေထဲကတစ်ပွဲဖြစ်ခဲ့ပြီး လိုကာဒီယာကလည်း အရေးပါတဲ့ဂိုးတွေသွင်းပေးနေတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းက ဘရိုက်တန်ထက်ပိုကောင်းသလို၊ ဂိုးတွေရဖို့ စိတ်မပူရတဲ့အသင်းပါ။ အိမ်ကွင်းလည်းဖြစ်လို့ ဝက်စ်ဟမ်းကိုကြိုက်တယ်။ 

ဝုလ်ဗ် နှင့် ခရစ္စတယ်ပဲလေ့စ် (3-1-2019 2:15 AM)

ဝုလ်ဗ်က နောက်ဆုံး (၅)ပွဲမှာ လီဗာပူးလ်တစ်သင်းကိုပဲ ရှုံးခဲ့တယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ကံကောင်းလို့ သရေကျခဲ့ပေမယ့် နယူးကာဆယ်၊ ဘုန်းမောက်၊ စပါးတို့နဲ့ ပွဲတွေမှာ အထင် ကြီးလောက်စရာခြေစွမ်းပြနိုင်ခဲ့တယ်။ ဟီမင်နက်ဇ်၊ ထရာအိုရေး၊ နေးဗတ်စ်တို့နဲ့ ခံစစ်မှာ ဝီလီဘိုလီက အကောင်းဆုံးပုံစံပြနေတယ်။ ပဲလေ့စ်က မထင်မှတ်တာတွေလုပ်ပြလေ့ရှိ ပေမယ့် စိတ်မချရတဲ့အသင်းပါ။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 

နယူးကာဆယ် နှင့် မန်ယူ (3-1-2019 2:30 AM)

နယူးကာဆယ်က ဒီရာသီအဝေးကွင်းပွဲစဉ် (၁၀)ပွဲမှာ (၃)ပွဲပဲ ရှုံးထားတဲ့အသင်းဖြစ်ပြီး အသိအမှတ်ပြုရမယ့် စွမ်းဆောင်ရည်လို့ ပြောရမယ်။ အဝေးကွင်းမှာခံစစ်က တစ်ပွဲကို (၁.၂)ဂိုးပဲ ပေးထားရတာလည်း ချီးကျူးရမယ်။ ဘင်နီတက်ဇ်က ရလဒ် အဓိကကြည့်တဲ့နည်းပြမျိုးဖြစ်နေပြီး အမှတ်ရဖို့အတွက် ဘယ်လိုနည်းလမ်းကိုမဆိုသုံးတဲ့အသင်း၊ မရှုံးရင်ပြီးရော ပိတ်ဆို့က စားတတ်တဲ့အသင်းဖြစ်ပြီး၊ ရှုံးနေရင်တောင် ဂိုးပြန်ရဖို့ စွန့်စားတာမျိုးထက် ဂိုးထပ်မပေးရဖို့ ပိတ်ဆို့ထားပြီး တစ်ပွဲလုံး တန်ပြန် တိုက်စစ်ကစားဖို့ စဉ်းစားနေတဲ့သူဖြစ်တယ်။ ဒါပေမဲ့ အိမ်ကွင်း (၁၀)ပွဲမှာတော့ နိုင်ပွဲအတွက် ကြိုးစားရင်း ရှုံးပွဲ(၇)ပွဲတောင် ရှိတာတွေ့ရတယ်။ အိမ်ကွင်းမှာ ဂိုးသွင်းနိုင်စွမ်း တော်တော်လေးအားနည်းတာကြောင့် မန်ယူခံစစ်အတွက် ဖိအားလျော့စေ လိမ့်မယ်။ မန်ယူက တိုက်စစ်ကို အားပြုကစားရမယ့်ပွဲမျိုးဖြစ်ပြီး နယူးကာဆယ်ထက် ဂိုးပိုသွင်းနိုင်ဖို့ကိုပဲ ဦးစားပေးကစားရင် နို်င်ပွဲရဖို့များတယ်။ နယူးကာဆယ်ရဲ့ အလွန်အားနည်းတဲ့ အိမ်ကွင်းတိုက်စစ်ကို မန်ယူမစိုးရိမ်ဘဲ ကစားဖို့ပဲလိုပါတယ်။ ပြီးခဲ့တဲ့ ရာသီက နယူးကာဆယ်က မန်ယူကို အိမ်ကွင်းမှာ နိုင်ပွဲရခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ကစားဟန်က နယူးကာဆယ်ရဲ့အားနည်း ချက်ကို ကောင်းကောင်းအသုံးချနိုင်တဲ့အနေအထားဖြစ်ပြီး မန်ယူနိုင်ပွဲရလိမ့်မယ်။ 

Most Read

Most Recent