မန်ယူ ထိပ်ဆုံး(၄)သင်း ဝင်နိုင်သည်ဟု ဂျေမီရက်နက်ပ် သုံးသပ်

မန်ယူ ထိပ်ဆုံး(၄)သင်း ဝင်နိုင်သည်ဟု ဂျေမီရက်နက်ပ် သုံးသပ်
Published 1 January 2019

Sky Sports တွင် ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျေမီရက်နက်ပ်က မန်ယူအသင်းသည် ယခုရာသီတွင် ထိပ်ဆုံး(၄)သင်းစာရင်း ဝင်နိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

ဂျေမီရက်နက်ပ်က လက်ရှိအချိန်တွင် အဆင့်(၄)နေရာမှ ချယ်လ်ဆီးနှင့် (၈)မှတ်ကွာဟနေသော်လည်း လက်ရှိခြေစွမ်းအတိုင်းဆိုပါက ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကို မန်ယူအသင်း ကျော်ဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုခဲ့သည်။

ယာယီနည်းပြ ဆိုးရှားလ်လက်ထက်တွင် မန်ယူအသင်းသည် ကာဒစ်ဖ်၊ ဟတ်ဒါဖီးလ်၊ ဘုန်းမောက် အသင်းများကို ဂိုးပြတ်ရလဒ်များဖြင့် အနိုင်ယူခဲ့ပြီး အဆိုပါ(၃)ပွဲတွင် သွင်းဂိုး(၁၂)ဂိုးအထိ ရယူနိုင်ခဲ့သည်။

ဂျေမီရက်နက်ပ်က "ချယ်ဆီးက ရေပန်းအစားဆုံးအဖြစ် ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ယူနိုက်တက်က အဆင့်(၄)အတွင်း ဝင်ရောက်ဖို့ အသင့်အနေအထား ပြန်ဖြစ်လာပါပြီ။ ကျွန်တော်ကတော့ သူတို့ ဒါကို လုပ်နိုင်မယ်လို့ ထင်ပါတယ်" ဟု သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။