ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo : EPL
Photo : EPL
Published 30 December 2018

ခရစ္စတယ်ပဲလေ့စ် - ချယ်လ်ဆီး (၃၀-၁၂-၂၀၁၈ ညနေ ၆း၃၀)

ခရစ္စတယ်ပဲလေ့စ်က ချယ်လ်ဆီးကို အိမ်ကွင်းမှာ မနှစ်က အနိုင်ကစားထားတယ်။ အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိ တဲ့အသင်းဖြစ်ပြီး ခြေစွမ်းမတည်ငြိမ်တာတစ်ခုကလွဲရင် သူတို့ကစားပုံကောင်းတဲ့ပွဲတွေမှာ အရမ်းအားကောင်းတာတွေ့ရတယ်။ အထူးသဖြင့် Individual Skills ကောင်းတဲ့ ဇာဟာ၊ တောင်ဆန်တို့လို ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အတွက် ရှေ့၊ လယ်၊ နောက်ဟန်ချက်ညီသွားတဲ့ပွဲတွေမှာ အသင်းကြီးတွေကိုတောင် ထိုးနှက်နိုင်လေ့ရှိတယ်။ ကာဒစ်ဖ်နဲ့ကစားခဲ့တဲ့ ပွဲမတိုင်ခင် မန်စီးတီးကို အနိုင်ကစားထားတဲ့ ခြေစွမ်းမျိုးက ချယ်လ်ဆီးကိုလည်း ထိုးနှက်နိုင်စွမ်းရှိတယ်ဆိုတာ သတိပြုရမယ်။ ချယ်လ်ဆီးက ရာသီအစက စွမ်းဆောင်ရည်မျိုးကို အခုအချိန်အထိ မပြနိုင်သေးဘူး။ မန်စီးတီးကို အနိုင်ကစားခဲ့တဲ့ပွဲရဲ့ ဒုတိယ ပိုင်းခြေစွမ်းက အားရစရာကောင်းပေမယ့် တည်ငြိမ်မှုမရှိတဲ့အနေအထားကို တွေ့ရတယ်။ ဆာရီ ရောက်ခါစက အသင်းလိုက် ကစားဟန်က အဓိကဖြစ်ပြီး ဟာဇက်က အားထားရတဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဟာဇက်ကို ပိုမို မှီခိုလာရပြီး ဟာဇက်ကောင်းမှ တိုက်စစ်ပိုင်းခြေစွမ်းပြနိုင်တဲ့အနေအထားမျိုးလည်းတွေ့ရတယ်။ လက်ရှိအနေအထားအရ တော့ ပဲလေ့စ်သာ ပုံမှန်ခြေစွမ်းပြနိုင်ရင် ချယ်လ်ဆီးနိုင်ဖို့မလွယ်ဘူးလို့ပဲ ပြောရမယ်။ 

ဘန်လေ - ဝက်စ်ဟမ်း  (၃၀-၁၂-၂၀၁၈ ည ၈း၄၅)

ဘန်လေက နောက်ပိုင်းပွဲတွေမှာ ကစားပုံတက်လာတာကိုတွေ့ရတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်း တိုက်စစ်ပိုင်းကို ထိန်းချုပ်ဖို့အတွက်တော့ ဘန်လေရဲ့ခံစစ်ပိုင်းက အခက်အခဲရှိနိုင်တယ်။ ဘန်လေက အမြင့်ဘောအားပြုကစားတဲ့အသင်းဖြစ်ပြီး ဝက်စ်ဟမ်းခံစစ်ကလည်း တစ်ဦးချင်းထိန်းချုပ်ပုံအားနည်းပေမယ့် အမြင့်ဘောတွေကို တားဆီးပုံကောင်းပါတယ်။ အဝေးကွင်းဆိုပေမယ့် ဝက်စ်ဟမ်းကိုပဲကြိုက်တယ်။ 

ဆောက်သမ်တန် - မန်စီးတီး  (၃၀-၁၂-၂၀၁၈ ည ၈း၄၅)

ဒီတစ်ရာသီလုံးမှာ မန်စီးတီးအသင်းရဲ့တည်ငြိမ်မှုအားအနည်းဆုံးအချိန်ကိုရောက်နေတယ်လို့ ပြောရမယ်။ ယုံကြည်မှု အနည်းငယ်ကျဆင်းလာပြီး၊ အဲ့ဒီလိုအချိန်မျိုးမှာ အမှားများတတ်တယ်။ မန်စီးတီးအသင်းအနေနဲ့ ဒီအချိန်မှာထပ်ပြီး အမှားကျူးလွန်လို့မဖြစ်ဘူး။ ဒီပွဲပြီးရင် လီဗာပူးလ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး အခုဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်ကစားဖို့လိုအပ်တယ်။ မန်စီးတီးနိုင်ပွဲပြန်တွေ့မယ်။ 

မန်ယူ - ဘုန်းမောက်  (၃၀-၁၂-၂၀၁၈ ည ၁၁းဝ၀)

မန်ယူအသင်းက ဟတ်ဒါဖီးလ်နဲ့ ပွဲမတိုင်ခင်အထိ အိမ်ကွင်းမှာ နောက်ဆုံး (၆)ပွဲ ဆက်တိုက်မရှုံးအောင်ကစားနိုင်ခဲ့တယ်။ ဘုန်းမောက်ရဲ့အဝေးကွင်းရလဒ်တွေကလည်း သိသိသာသာအားနည်းနေတယ်။ ဒါပေမဲ့ အက်ဒီဟောင်းက ဆိုးလ်ရှားအတွက်ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုဖြစ်လာနိုင်ပြီး လက်ရှိခြေစွမ်းပိုင်းအရဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုင်မှာပါ။ ဂိုးပြတ်ဖို့တော့ ခက်လိမ့်မယ်။