စပိန်လာလီဂါပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Image
Photo: Getty Image
Published 23 December 2018

ဗလင်စီယာ နှင့် ဟူဆကာ (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဇယားအောက်ပိုင်းနားကနေ ပြန်ရုန်းထွက်လာနိုင်ဖို့အတွက် ဟူဆကာလိုအသင်းမျိုးနဲ့ပွဲမှာတော့ ဗလင်စီယာ အနိုင်ကစားပြနိုင်ဖို့လိုနေတယ်။ ဗလင်စီယာအတွက် အိမ်ကွင်းလည်း ဖြစ်သလို၊ ချန်ပီယံလိဂ်လည်းမရှိတော့လို့ ပိုပြီးဖိဖိစီးစီးကစားနိုင်ပါလိမ့်မယ်။  ဒီပွဲသာ နိုင်ပွဲပျောက်မယ်ဆို ဗလင်စီယာအတွက်လည်း ပိုဖိအားများသွားမယ်။ ဟူဆကာရဲ့အဝေးကွင်းခြေစွမ်းကလည်း အားရစရာမရှိလို့ ဗလင်စီယာနဲ့ဂိုးအများပဲကြိုက်တယ်။

လီဟာနက်စ် နှင့် ဆီဗီလာ (တနင်္ဂနွေည ၉း၄၅ နာရီ)

ခြေမှန်နေတဲ့ လီဟာနက်စ်ကစားပုံက ဆီဗီလာကိုလည်း အခက်တွေ့စေဦးမှာပါ။ ဆီဗီလာက အက်သလက်တီကိုနဲ့ ရမှတ်တူ ဒုတိယနေရာမှာရှိနေပြီး ဒီရာသီကစားပုံကလည်း ကောင်းနေတာမှန်ပေမယ့် အဝေးကွင်းမှာတော့ သိပ်စိတ်မချရသေး ဘူး။ အဝေးကွင်းနောက်ဆုံး (၃) ပွဲစလုံးကိုလည်း သရေပဲကစားထားနိုင်တယ်။ အသင်းရဲ့တိုက်စစ်ပိုင်းက ဒီရာသီခြေစွမ်းပြနေ နိုင်တယ်ဆိုပေမယ့်လည်း အဝေးကွင်းမှာတော့ ဂိုးသွင်းအားပုံမှန်မရှိဘဲ သရေကျထားတဲ့ အဝေးကွင်းနောက်ဆုံး (၃) ပွဲစလုံး မှာ (၂) ဂိုးပဲသွင်းနိုင်ခဲ့တယ်။ လီဟာနက်စ်ကတော့ အောက်တိုဘာလအတွင်း လီဗန်တေးကို ရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာရှုံးပွဲ မရှိတော့ဘူး။ အိမ်ကွင်းကစားအားလည်း သိသိသာသာကိုကောင်းမွန်နေပြီး အမှားနည်းအောင်လည်း ကစားပြနေနိုင်တယ်။ အိမ်ကွင်းမှာ ခံစစ်ပိုင်းပိုကျစ်လျစ်ပြီး တိုက်စစ်ပိုင်းကဂိုးရအောင်ကစားနိုင်လို့ အဝေးကွင်းမှာဂိုးသွင်းနှုန်းကျနေတဲ့ ဆီဗီလာအ တွက်တော့ စိုးရိမ်စရာပါပဲ။ ဘာစီလိုနာလိုအသင်းတောင် အရှုံးပေးထားရတဲ့ လီဟာနက်စ်ရဲ့အိမ်ကွင်းခြေစွမ်းက ဆီဗီလာအ တွက် ခက်ခဲစေဦးမှာသေချာပါတယ်။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားကြည့်ချင်တယ်။

ဗယ်လက်ကာနို နှင့် လီဗန်တေး (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

ဒီပွဲကတော့ လီဗန်တေး ဘာလုပ်မလဲဆိုတာပဲ စဉ်းစားရလိမ့်မယ်။ လက်ရှိခြေစွမ်းတွေအရတော့ လီဗန်တေး တကယ်ကစားရင် ကစားသလို ဗယ်လက်ကာနိုဆီက အမှတ်ရဖို့မခက်နိုင် ဘူး။ ဒါပေမဲ့ ဗယ်လက်ကာနိုကလည်း အိမ်ကွင်းအားနဲ့ ဖိကစားနေပြီး နောက်ဆုံးပွဲမှာလည်း ရီးယဲလ်ကိုတစ်ဂိုးတည်းနဲ့ပဲ ရှုံးထားတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲ ရွေးကြည့်ချင်တယ်။

 

 

 

Most Read

Most Recent