ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Image
Photo: Getty Image
Published 23 December 2018

အဲဗာတန် နှင့် စပါး (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေမှုပေးနိုင်ဆုံးပွဲတွေထဲက တစ်ပွဲဖြစ်လာမယ်လို့ ယူဆရတယ်။ အဲဗာတန်က နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲမရခဲ့ဘူး။ ဒါပေမဲ့ အရည်အသွေးမြင့်တဲ့အသင်းပါ။ အိမ်ကွင်းမှာ ဒုက္ခပေးနိုင်စွမ်းအပြည့်ရှိတယ်။ စပါးက အကောင်းဆုံးပုံစံရနေပေမယ့် နောက်ပိုင်းပွဲတွေမှာ ပွဲပန်းပြီး ခြေနည်းနည်းကျလာသလိုရှိတယ်။ စပါးရဲ့ အဝေးကွင်းရလဒ်တွေက အားရစရာဖြစ်ပေမယ့် ဒီပွဲတော့ အဲဗာတန်ကို ကြိုက်တယ်။