ဘွန်ဒစ်လီဂါ နှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါ နှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 18 December 2018

ယနေ့တွင် ဘွန်ဒစ်လီဂါပွဲစဉ်(၄)ပွဲနှင့် စီးရီးအေပွဲစဉ်(၁)ပွဲရှိပါသည်။



ဘွန်ဒစ်လီဂါပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက်

မိုချန်ဂလာဘတ် နှင့် နုရင်ဘတ် (ဗုဒ္ဓဟူးနံနက် ၁၂းဝ၀ နာရီ)

    

မိုချန်ဂလာဘတ်အသင်းရဲ့အိမ်ကွင်းရာနှုန်းပြည့်အနိုင်မှတ်တမ်းက နုရင်ဘတ်အတွက် မျှော်လင့်ချက်မဲ့စေမှာပါ။ မိုချန် ဂလာဘတ် ဂိုးပြတ်နိုင်ဖို့များတယ်။

ဟာသာဘာလင် နှင့် အော့စ်ဘတ်  (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)

    

ရှော်လ်ကေးနဲ့ပွဲမှာ အော့စ်ဘတ်အသင်း ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် သိပ်တော့မျှော်လင့်လို့မရသေးဘူး။ ဟာ သာဘာလင်ပဲ အနိုင်ရဖို့များတယ်။

ဝုလ်ဖ်ဘတ် နှင့် စတုဂတ် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)

    

ဝုလ်ဖ်ဘတ်အသင်း ရလဒ်တွေကောင်းနေပေမယ့် အိမ်ကွင်းနောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့တာပါ။ စတုဂတ်နဲ့ စွန့်စားချင်တယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဒေါ့မွန် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)

    

တန်းဆင်းဇုန်ထဲကရုန်းထွက်လာတဲ့ ဒစ်ဆယ်ဒေါ့ဖ်ရဲ့ စိတ်ဓာတ်ပိုင်းကိုတော့ စောင့်ကြည့်သင့်တယ်။ အဝေးကွင်းမှာ ဒေါ့မွန် ဂိုးပြတ်နိုင်ဖို့ခက်တယ်။

စီးရီးအေပွဲစဉ်(၁၆) ပွဲကြိုသုံးသပ်ချက် 

ဘိုလော့ဂ်နာ နှင့် အေစီမီလန် (ဗုဒ္ဓဟူးနံနက် ၂းဝ၀ နာရီ)

ဘိုလော့ဂ်နာအသင်းက စီးရီးအေနောက်ဆုံး(၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ထင် သလောက် ရလဒ်မဆိုးသေးတဲ့အပြင် တန်းဆင်းဇုန်ကနေ ရုန်း ထွက်ဖို့ ကြိုးစားရတော့မယ့်အချိန်ဖြစ်တာ ထည့်တွက်ရမယ်။ အေစီမီလန်အသင်း တိုက်စစ်စွမ်းဆောင်ရည်ကျနေလို့ ဘို လော့ဂ်နာနဲ့ပဲ စွန့်စားသင့်တယ်။

 



 

Most Read

Most Recent