အဆင့်(၄)နေရာရရှိနိုင်သေးဟု မော်ရင်ဟို ဖွင့်ဟ

အဆင့်(၄)နေရာရရှိနိုင်သေးဟု မော်ရင်ဟို ဖွင့်ဟ
Photos : AFP
Photos : AFP
Published 17 December 2018

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)အပြီး အဆင့်(၆)နေရာတွင် ရပ်တည်နေပြီး အဆင့်(၄)နေရာမှ ချယ်လ်ဆီးနှင့် (၁၁)မှတ်အကွာ၊ ဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၉)မှတ်အထိ ကွာဟလျက်ရှိသည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ဒီဇင်ဘာ(၁၆)ရက်က လီဗာပူးလ်အသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ၎င်း၏အသင်းမှာ အဆင့်(၄)နေရာရရှိနိုင်သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)အပြီး အဆင့်(၆)နေရာတွင် ရပ်တည်နေပြီး အဆင့်(၄)နေရာမှ ချယ်လ်ဆီးနှင့် (၁၁)မှတ်အကွာ၊ ဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် (၁၉)မှတ်အထိ ကွာဟလျက်ရှိသည်။

'' ဆုဖလား ဆွတ်ခူးဖို့လား။ အမှန်တကယ် မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အဆင့်(၄)နေရာရဖို့ အခွင့်အရေးရှိနေဆဲပါပဲ။ လွယ်တော့မလွယ်ပါဘူး။ ကျွန်တော်တို့ ထိပ်ဆုံး(၆)သင်းစာရင်းဝင်ဖို့က သေချာပါတယ်'' ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လီဗာပူးလ်နှင့်ပွဲတွင် ယခုရာသီ (၅)ပွဲမြောက်ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရပြီး (၁၇)ပွဲကစားအပြီး (၂၆)မှတ်သာ ရရှိထားသည်။

ထို့ပြင် ၁၉၉၀-၉၁ ရာသီနောက်ပိုင်းကတည်းက အသင်း၏ရမှတ်အနည်းဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

မော်ရင်ဟိုက လီဗာပူးလ်အား ရှုံးနိမ့်ခဲ့မှုနှင့်ပတ်သက်ပြီး '' ပိုတောင့်တင်းတဲ့အသင်းပဲ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့လောက် မကောင်းတဲ့ အချိန်အပိုင်းအခြားမှာ သူတို့ အနိုင်ဂိုးတွေ သွင်းခဲ့တာဖြစ်တယ်။ ပထမဆုံး မိနစ် ၂၀ ကတော့ အသင်းနှစ်သင်းအကြားမှာ ကွာဟချက် အတော်ကြီးမားခဲ့ပါတယ်။ သူတို့ဟာ ပိုကောင်းပြီး တောင့်တင်းတဲ့အသင်းပါ။ ပြီးတော့ ကျွန်တော်တို့ထက် အရာအားလုံးမှာလည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ (၁-၁)ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ပွဲကို Balance ညီအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယဂိုးတွေကတော့ စိတ်မချမ်းမြေ့စရာပါပဲ။ ကျွန်တော်တို့က ပြန်ထွက်လာပြီး ထပ်သွင်းတဲ့ ဂိုး(၂)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်'' ဟု မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent