ဘာစီလိုနာအသင်း ကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေ

ဘာစီလိုနာအသင်း ကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေ
Photo : Zimbio
Photo : Zimbio
Published 27 November 2018

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ကွင်းလယ်ပိုင်းတွင် ဒဏ်ရာပြဿနာနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ဘာစီလိုနာအသင်းကွင်းလယ်လူ ရာဖင်ဟာနှင့် ဆာဂျီရောဘတ်တိုသည် အက်သလက်တီကိုအသင်းနှင့်ပွဲ၌ ဒဏ်ရာအသီးသီးရရှိခဲ့့ခြင်းဖြစ်သည်။

ဆာဂျီရောဘတ်တိုသည် အက်သလက်တီကိုအသင်းကွင်းလယ်လူ ကိုကေနှင့်ထိခိုက် မိရာမှ ဝဲဘက်ခြေထောက် တံကောက်ကြော ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းအစတွင် လူစားလဲခဲ့ရသည်။

၎င်းနေရာ လူစားဝင်ရောက်ကစားသည့် ရာဖင်ဟာမှာလည်း ဝဲဘက်ဒူးအရွတ်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရှိ လျက်နှင့် ပွဲပြီးဆုံးချိန်အထိ ပါဝင်ကစားခဲ့ ကြောင်း သိရသည်။

ရာဖင်ဟာသည် ဒူး အရွတ်ဒဏ်ရာအား ခွဲစိတ်ကုသရမည်ဖြစ်ပြီး အနားယူရမည့်ကာလကို ထုတ်ပြန်ခြင်းမရှိ သော်လည်း ဆာဂျီရောဘတ်တိုမှာမူ သုံးပတ် မှ လေးပတ်ခန့် အနားယူရန်လိုအပ်ကြောင်း ဘာစီလိုနာအသင်းက နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာသည်။

စပိန်မီဒီယာများကမူ ရာဖင် ဟာအနေဖြင့် ခြောက်လခန့် အနားယူရန် လိုအပ်သောကြောင့် ရာသီကုန်အထိ ပြန် လည်ကစားနိုင်ဖွယ်မရှိတော့ကြောင်း ခန့်မှန်း ဖော်ပြလျက်ရှိသည်။

ဘာစီလိုနာအသင်းတွင် အခြားကွင်းလယ်ကစားသမားများဖြစ်သည့် ရာကီတစ်နှင့် ကော်တင်ဟိုလည်း ခြေထောက် ကြွက်သားဒဏ်ရာရရှိထားရာ ၎င်းင်းတို့၏ ဒဏ်ရာသတင်းမှာ ကွင်းလယ်ပိုင်းလူရွေးချယ် မှုအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။

ဘာစီလိုနာအသင်းသည် နိုဝင်ဘာ ၂၈ ရက်တွင်  အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် ကစားရမည်ဖြစ်ပြီး နှစ်ပတ်ကျော်ကာလ အတွင်း ခြောက်ပွဲအထိကစားရန်ရှိနေသည်။

Most Read

Most Recent