ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ လေးဖွဲ့၏ အမည်စာရင်းများကို တင်သွင်းအတည်ပြု

ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ လေးဖွဲ့၏ အမည်စာရင်းများကို တင်သွင်းအတည်ပြု
Published 30 March 2026

ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ လေးဖွဲ့တို့၏ အမည်စာရင်းများကို တင်သွင်းအတည်ပြု ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ မတ် ၃၀ ရက်တွင် ရှမ်းပြည်နယ်လွှတ်တော် ရေးရာကော်မတီ လေးဖွဲ့တို့၏ အမည်စာရင်းများကို လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်က တင်သွင်းခဲ့ခြင်းဖြစ်ကာ လွှတ်တော်မှ အတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော် ဒုတိယရက်တွင် တင်သွင်းခဲ့သော လွှတ်တော်ရေးရာ ကော်မတီများမှာ (၁) ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ (၂) တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ (၃) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် (၄) ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီတို့ဖြစ်သည်။

Most Read

Most Recent