■ အီရန်က ကာတာ၊ ဘာရိန်းနှင့် ယူအေအီးအပါအဝင် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်

■ အီရန်က ကာတာ၊ ဘာရိန်းနှင့် ယူအေအီးအပါအဝင် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်
Published 28 February 2026

ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အီရန်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ကာတာနှင့်ဘာရိန်းနိုင်ငံများရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံကလည်း ၎င်း၏ လေပိုင်နက်ကို ယာယီပိတ်ပင်ခဲ့သည်။

ထို့ပြင် ယူအေအီးနိုင်ငံရှိ Al Dafra လေတပ်စခန်းသည်လည်း အီရန်ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါ လေတပ်စခန်းတွင် အမေရိကန်လေတပ်၏ အမှတ် ၃၈၀ စူးစမ်းလေ့လာရေးလေကြောင်းတပ်ဖွဲ့သည် အဆိုပါ လေတပ်စခန်းတွင် တပ်စွဲထားသည်။

ထို့အတူ ဆော်ဒီအာရေဗျနိုင်ငံ ရီးယာ့ဒ်မြို့တော်နှင့် ကူဝိတ်နိုင်ငံများတွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ထို့ပြင် အီရန်သည် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း အီရတ်နိုင်ငံကို လေကြောင်းတိုက်ခိုက်ခဲ့သည်။

အီရန်တွင် သမ္မတဟောင်း မာမွတ် အမာဒီနီဂျက်၏ နေအိမ်သည် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

ကာတာနိုင်ငံကမူ ၎င်းထံဦးတည်ပျံသန်းလာသည့် အီရန်၏ ဒုံးကျည်များအားလုံးကို ပစ်ချခဲ့ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ဒူဘိုင်းတွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

 

Most Read

Most Recent