■ ပတ်ဝန်းကျင်တွင် ဝက်/ လင်းဆွဲ တို့ ထူးထူးခြားခြားသေဆုံးနေသည်ကို တွေ့ပါက သတင်းပေးရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး
လင်းဆွဲမှတစ်ဆင့်ကူးစက်သည့် နီပါးရ် ဗိုင်းရပ်စ် ရောဂါပိုးကို နယ်နိမိတ်ခြင်း ထိစပ်နေသည့် နိုင်ငံများတွင် တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတွင် မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို မတွေ့ရှိ ရသေးသော်လည်း မူလလက်ခံကောင် လင်းဆွဲ၊ လင်းနို့များ စားလေ့ရှိသော သစ်သီးများ ပေါများစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှု များ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသ တွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့်အတွက် နီပါးဗိုင်းရပ်စ်ရောဂါ စောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအ လေးပေး ဆောင်ရွက်လျက်ရှိသည်ဟု ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းအပြင် ပြည်သူများအနေဖြင့် လတ် တလော နီပါးဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေ သည့် ဒေသများ (ဥပမာ - ယခုအခါအနောက် ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲ ခရီးမ သွားရန်၊ လတ်တလော ရောဂါဖြစ်ပွားရာ ဒေသများသို့ ရောက်ရှိနေသူများသည် ရောဂါ ဖြစ်ပွားရာ ဒေသများရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများ ပြားသည့် နေရာများသို့ မလို အပ်ဘဲ သွားရောက်ခြင်းမပြုရန် ကျန်းမာရေး ဝန်ကြီးဌာနကတိုက်တွန်းထားသည်။
ယင်းအပြင် လတ်တလော ရောဂါဖြစ် ပွားရာ ဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ ပြန်လာစဉ်တွင် သံသယရောဂါများဖြစ်သည့် ပြင်းထန်စွာ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့်အသက်ရှုရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မ ဟုတ် နယ်စပ်ဝင်^ထွက်ပေါက်များရှိ တာဝန် ကျ ကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန်၊ အကယ်၍ ရောဂါဖြစ်ပွားရာ ဒေသမှ ပြန်လာပြီး ၁၄ ရက်အတွင်း အထက် ဖော်ပြပါသံသယရောဂါ လက္ခဏာများ ခံစား ရပါက ချက်ချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လိုအပ်ပြီး ရောဂါဖြစ်ပွားရာ ဒေသသို့ ခရီးသွားခဲ့သည့် ရာဇဝင်ရှိကြောင်း ကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လို အပ်သည့် စမ်းသပ်စစ်ဆေး ကုသမှုများကို အချိန်မီခံယူရန်၊ မိသားစုတွင် ရောဂါဖြစ်ပွား ရာ နိုင်ငံများမှပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ ရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်။လင်း ဆွဲ) တို့ ထူးထူးခြားခြား သေဆုံးနေသည်ကို တွေ့ရှိရပါကလည်းကောင်း နီးစပ်ရာ ကျန်း မာရေးဌာနသို့ ချက်ချင်း အသိပေးအကြောင်း ကြားရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ရောဂါပိုးကို မလေးရှားနိုင်ငံ ဆူနိုင်းနီပါး ဆိုသည့်ကျေးရွာတွင် ၁၉၉၉ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး စတင်တွေ့ရှိသည့် နေရာကို အစွဲပြုကာ နီပါးရ် ဗိုင်းရပ်ပိုးဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရောဂါပိုးမှာ ယခင်ကလည်း အာရှတိုက်ရှိ နိုင်ငံအတော်များများတွင် အစု လိုက်အပြုံလိုက်ဖြစ်ပွားခဲ့ပြီး မလေးရှား၊ စင် ကာပူ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဖြစ်ပွား ခဲ့သည်ဟု သိရသည်။
ယင်းရောဂါပိုးမှာ ကိုဗစ်ရောဂါပိုးထက် သေဆုံးမှုနှုန်း ပိုမိုမြင့်မားပြီး ကူးစက်ခံရသူများ၏ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေမြင့်မားကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါရော ဂါပိုးမှာ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်သည်ဟု သတိပေးထားပြီး သုတေသနများကို အမြန်ဆုံးပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။















