■ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်သုံးဦး ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်တွင် အနိုင်ရရှိ

■ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်သုံးဦး ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်တွင် အနိုင်ရရှိ
Published 26 January 2026

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်သုံးဦး ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်တွင် အနိုင်ရရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် ညောင်ရွှေမြို့နယ်တွင် ကျင်းပသော အပိုင်း(၃) အထွေထွေရွေးကောက်ပွဲတွင် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ သုံးနေရာစလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင်  ဦးထွန်းလှ (ခ) ဦးတိုးရ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ဒေါက်တာရဲမြင့်စိုးနှင့် အင်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ပါတီဥက္ကဌ တာဝန်ယူထားသော ဒေါ်တင်တင်ရီ (ခ) Ann တို့က အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent