ဇန်နဝါရီလအတွင်း အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချမည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆန် ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဇန်နဝါရီလအတွင်း ဖော်ပြပါ ဆန်အမျိုးအစားများကို ပူးတွဲပါ ဈေးနှုန်းများ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ရောင်းချမည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်း ၁၈၂,ဝဝဝိ/- ကျပ် (ဆန်ဟောင်း)၊ ရွှေဘိုပေါ်ဆန်း ၁၅၅,ဝဝဝိ/- ကျပ် (ဆန်သစ်)၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ၁၃၀,ဝဝဝိ/- ကျပ် (ဆန်သစ်)၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) ၁၁၂,ဝဝဝိ/- ကျပ် (ဆန်သစ်)၊ ရက် (၉၀) ၇၅,ဝဝဝိ/- ကျပ်၊ ဧည့်မထ (၁၅ မှတ်) ၅၂,ဝဝဝိ/- ကျပ်တို့ဖြစ်ကြောင်း၊ ဆန်အိတ်အနေဖြင့် ၁ဝ၈ ပေါင်/၂၄ ပြည် - တစ်အိတ် ဖြစ်ကြောင်း သိရသည်။
စားသုံးသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄ဝဝဝ၆၇၂၄၀၊ ၀၉-၄ဝဝဝ၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆ဝ သို့ ဆက်သွယ်၍ မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရ မည့် ဖုန်းနံပါတ်တို့ကို တိကျစွာဖြင့် SMS or Viber Message ပေးပို့မှာယူရန် ဖြစ်ကြောင်း၊ အဆိုပါ ဖုန်းနံပါတ်များမှ အသင်းချုပ်သို့ ငွေကြိုတင်ပေးသွင်းရမည့် KBZ pay နံပါတ်ကို စားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်း ပြန်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဖုန်းများမှ ပြန်ကြားပြောဆိုသည့် KBZ pay Account နံပါတ်များသို့သာ ငွေပေးသွင်းရန်ဖြစ်ကြောင်း၊ ငွေပေးသွင်းပြီးစီးမှုကို Viber ဖြင့် အတည်ပြု ပေးပို့ရန် ဖြစ်ကြောင်း သိရသည်။
ငွေပေးသွင်းသည့်နေ့မှစ၍ ရုံးဖွင့်ရက် သုံးရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပို့ဆောင်မည့် နေ့ရက်နှင့်အချိန်အား ကြိုတင် ဆက်သွယ် ပြန်ကြားပေးမည်ဖြစ်ပြီး အထပ်မြင့်သို့ ပို့ရလျင်ထိုက်သင့်သည့် ဝန်ဆောင်ခ ထပ်မံ ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။










