စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့

စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့
Photo: X
Photo: X
Published 9 January 2026

၂၀၂၆ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့ရတော့မှာဖြစ်ကြောင်း သိရပါတယ်။

ဆီမီးဖိုင်နယ်ပထမပွဲမှာ ဘာစီလိုနာက ဘီလ်ဘာအိုကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို (၄)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။

ရီးယဲလ်မက်ဒရစ်ကတော့ ၂၀၂၂ ကနေ ၂၀၂၆ အထိ (၅)နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ဆုဖလား(၁၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ ရီးယဲလ်မက်ဒရစ်နဲ့ ဆုံတွေ့ခဲ့တဲ့  နောက်ဆုံးဗိုလ်လုပွဲ(၃)ကြိမ်မှာလည်း (၂)ကြိမ်အနိုင်ရခဲ့ပါတယ်။

၂၀၂၆ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီ(၁၁)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆုကြေးနဲ့ ယှဉ်ပြိုင်မှုအပေါ် ငွေကြေးခွဲဝေမှုအရ ဗိုလ်စွဲတဲ့အသင်းက ယူရို(၈)သန်းအထိ ရရှိမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ ယူရို(၇.၄)သန်း ရရှိမယ်လို့ သိရပါတယ်။

Most Read

Most Recent