အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဆိုးလ်ခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် အပတ်စဉ်လေးကြိမ် ပုံမှန်ခရီးစဉ် ပျံသန်းလျက်ရှိကြောင်း သိရသည်။
အလားတူ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဗီယန်ကျန်းခရီးစဉ်ကို အင်္ဂါနှင့် ကြာသပတေးနေ့တို့တွင် အပတ်စဉ်နှစ်ကြိမ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို အပတ်စဉ် ၁၀ ကြိမ်၊ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် အပတ်စဉ်လေးကြိမ်၊ ရန်ကုန်-စင်ကာပူခရီးစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှစ၍ အပတ်စဉ် ၁၇ ကြိမ်မှ ၂၁ ကြိမ်အထိ ထပ်တိုးခရီးစဉ်များအနေဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။










