ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မဲရုံ ၅၀ ဖွင့်လှစ်ခဲ့ပြီး ၄၁ ရုံ၌ ကြိုတင်ဆန္ဒမဲပေးမှုပြီးစီးကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀) တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၄၁ ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးများအနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။















