■ ဒလမြို့ ကားကွင်းအနီး နာရီစင်အသစ် တည်ဆောက်နေ

■ ဒလမြို့ ကားကွင်းအနီး နာရီစင်အသစ် တည်ဆောက်နေ
Published 18 November 2025

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ ကားကွင်းအနီး နာရီစင်အသစ် တည်ဆောက်နေကြောင်း သိရသည်။

ရန်ကုန်-ဒလ တံတားတည်ဆောက်နေသည့်နေရာ၌ ယခင်နာရီစင်အဟောင်း ဖျက်လိုက်ပြီး ကမ်းနားကားကွင်းအနီးတွင် နာရီစင်အသစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“အရင်နာရီစင်ရှိတာက ဒလမြို့အဝိုင်းလို့ခေါ်တဲ့ အခုရန်ကုန်-ဒလ တံတား တည်ဆောက်နေတဲ့ နေရာမှာပေါ့။ အခုတံတားဆောက်နေတော့ နာရီစင်အဟောင်းကို ဖျက်လိုက်ပြီး အခုကမ်းနား ကားကွင်းနားမှာ နာရီစင်အသစ် တည်ဆောက်နေတာ တွေ့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အလားတူ ခရီးသွားသူတစ်ဦးက “အဲဒီနေရာမှာ ဆောက်နေတာ ကြာပြီ။ အရင်က ဘာဆောက်နေမှန်း မသိဘူး။ အခုဆောက်နေတာ ရုပ်လုံးပေါ်လာတော့ ဒေသခံလူတွေကို မေးကြည့်တော့ နာရီစင်ဆောက်နေတာလို့ သိရတယ်” ဟု ပြောကြားသည်။

ရန်ကုန်-ဒလတံတား တည်ဆောက်နေပြီး ဒလဘက်ခြမ်း တံတားအဆင်းသည် ယခင်နာရီစင်အဟောင်းရှိသည့် နေရာဖြစ်သဖြင့် နာရီစင်အဟောင်းကို ဖြိုချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent