မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့်ထိုင်းဘတ်သန်း ၁၀၀ ထပ်မံရောင်းချမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်သည်။
အောက်တိုဘာ ၂၁ ရက်ကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၄ ရက်က ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ် လာ ၂၇ သန်းထပ်မံရောင်းချခဲ့သည်။
အောက်တိုဘာ ၈ ရက်လည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ် လာသန်း ၃၀ ထပ်မံရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂ ရက်လည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၃ ရက်ကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံး ဆီလုပ်ငန်းရှင်များအတွက် သြဂုတ် ၅ ရက်က ဒေါ်လာသန်း ၃၀၊ သြဂုတ် ၁၃ ရက်က ဒေါ်လာ ၃၂ သန်း၊ သြဂုတ် ၂၀ ရက်တွင် ၃၂ သန်း၊ သြဂုတ် ၂၆ ရက်တွင် ဒေါ်လာ ၃၂ သန်း ဖြင့် သြဂုတ်လအတွင်း ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်းခဲ့သည်။










