ပါနာသီနိုင်းကို့စ်အသင်းကို ကိုင်တွယ်ဖို့ ဘင်နီတက်ဇ် သဘောတူညီမှုရရှိခဲ့ပြီး ဂရိလိဂ်ရဲ့ လစာအများဆုံးနည်းပြ ဖြစ်လာ

ပါနာသီနိုင်းကို့စ်အသင်းကို ကိုင်တွယ်ဖို့ ဘင်နီတက်ဇ် သဘောတူညီမှုရရှိခဲ့ပြီး ဂရိလိဂ်ရဲ့ လစာအများဆုံးနည်းပြ ဖြစ်လာ
Photo: X
Photo: X
Published 24 October 2025

ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့တဲ့ စပိန်နည်းပြ ဘင်နီတက်ဇ်ဟာ ဂရိကလပ် ပါနာသီနိုင်းကို့စ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘင်နီတက်ဇ်ဟာ လီဗာပူးလ်၊ အင်တာမီလန်၊ နာပိုလီ၊ ရီးယဲလ်မက်ဒရစ် စတဲ့ ထိပ်တန်းအသင်းများစွာကို ကို်င်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပါနာသီနိုင်းကို့စ်အသင်းဟာ သူ့အတွက် (၁၇)သင်းမြောက် ကိုင်တွယ်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ကိုင်တွယ်ခဲ့သမျှအသင်းတွေထဲ အောင်မြင်မှုအရရှိခဲ့ဆုံးကတော့ လီဗာပူးလ်အသင်းဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ FA ဖလားတွေ ရယူနိုင်ခဲ့တာပါ။

ဘင်နီတက်ဇ်(၆၅ နှစ်)ဟာ ပါနာသီနိုင်းကို့စ်အသင်းနဲ့ (၂)နှစ်ခွဲစာချုပ်ဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး တစ်နှစ်လစာ ယူရို(၃.၄၇)သန်း ရရှိမှာကြောင့် ဂရိလိဂ်ရဲ့ လစာအများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဘင်နီတက်ဇ်ဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ၂၀၂၄ မတ်လမှာ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး အင်္ဂလန်မှာ ပြန်လည်နည်းပြခွင့်ရဖို့ မျှော်လင့်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ဘဲ ဂရိမြေကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Most Read

Most Recent