■ ပေါင်းတည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဇနီးဖြစ်သူကို PDF များက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေဆုံး

■ ပေါင်းတည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဇနီးဖြစ်သူကို PDF များက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေဆုံး
Published 15 October 2025

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်  ဇနီးဖြစ်သူကို PDF များက သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ 

ပေါင်းတည်မြို့နယ် ရေဆည်ကြီးကျေးရွာ၌ အောက်တိုဘာ ၁၃ ရက်  ညပိုင်းတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းမြင့်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဦးနှင့်အတူ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF လေးဦး ရောက်ရှိလာပြီး ဒလန်များဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်သန်းသန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ပေါင်းတည်မြို့နယ်ပြည်သူ့ဆေးရုံတွင်  ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

ထိုသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent